ရန်ကုန်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှုနဲ့ အမှိုက်သိမ်းစနစ် အားနည်းတာတွေကို အမြန်ဆုံးဆောင်ရွက်ဖို့လို

0
313

ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ ရန်ကုန်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှုနဲ့ အမှိုက်သိမ်းစနစ် အားနည်းတာတွေကို အမြန်ဆုံးဆောင်ရွက်ဖို့လိုတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားလိုက်ပါတယ်။

မေလ ၁၈ ရက်နေ့ မနေ့က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်ပြီး MCN က ဆက်သွယ်မေးမြန်းရာမှာ ဒေါ်စန္ဒာမင်းက အဲဒီလို ပြောကြားခဲ့တာပါ။

ဒါ့အပြင် အရင်အစိုးရလက်ထက်က စည်ပင်ပိုင်မြေအချို့ပေါ်မှာ ဆောက်လုပ်ထားတဲ့ စီးပွားဖြစ်အဆောက်အအုံတွေနဲ့ပတ်သက်ပြီး စိစစ်ဖို့တင်ပြထားတဲ့ လုပ်ငန်းဆိုင်ရာ ကိစ္စတွေဟာ အချိန်ကြာမြင့်နေသလို အစိုးရအနေနဲ့ အမြန်ဆုံးဆောင်ရွက်ဖို့ လိုတယ်လို့လည်း ဒေါ်စန္ဒာမင်းက ပြောကြားခဲ့ပါတယ်။

မေလ ၁၈ ရက်နေ့ မနေ့က ကျင်းပပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယ ပုံမှန်အစည်းဝေးမှာ စမ်းချောင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင်၊ လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)က လွှတ်တော်ကိုယ်စားလှယ်ဦးကျော်ကျော်ထွန်းတို့ကလည်း အဲဒီ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး လွှတ်တော်ကို အဆိုတွေအသီးသီးတင်ပြဆွေးနွေးခဲ့ကြပါတယ်။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)