မြန်မာနဲ့ စစ်ရေးကုန်သွယ်မှု တိုးမြင့်ဖို့ ရုရှားမျှော်လင့်

0
361

မြန်မာနိုင်ငံနဲ့ စစ်ရေးကုန်သွယ်မှု တိုးမြင့်လုပ်ဆောင်ဖို့ မျှော်လင့်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောကြားလိုက်ပါတယ်။

13255988_1019299528117783_5860537117384329796_n

ရုရှား-အာဆီယံ ဆက်ဆံရေး နှစ်နှစ်ဆယ်ပြည့် ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ ရုရှားနိုင်ငံ ဆိုချီမြို့ကို ရောက်ရှိနေတဲ့ မြန်မာသမ္မတ ဦးထင်ကျော်နဲ့ မေလ ၁၉ ရက်မနေ့က သီးခြားတွေ့ဆုံစဉ်မှာ အဲဒီလိုပြောကြားလိုက်တဲ့အကြောင်း Reuters သတင်းတစ်ပုဒ်မှာ ဖော်ပြလာတာပါ။
အဲ့ဒီလို ပြောကြားတဲ့နေရာမှာတော့ ဗလာဒီမာပူတင်က နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ စီးပွားရေး ဆက်ဆံမှုတွေဟာ လတ်တလော မြင့်မားတဲ့ အခြေအနေတွေ မရှိသေးပဲ ဒီအခြေအနေတွေ တိုးမြှင့်ဖို့အတွက် ကောင်းတဲ့ အလားအလာရှိနေပါတယ်လို့ မြင်တဲ့အကြောင်းနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဆိုတဲ့အပိုင်းမှာ စစ်နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ နိုင်ငံရေးအရ အပြန်အလှန် ဆက်ဆံမှုတွေပါဝင်တယ်လို့ ပြောကြား လိုက်တာဖြစ်ပါတယ်။
ရုရှား-အာဆီယံထိပ်သီးအစည်းအဝေးကို မေလ ၁၉ ရက်နေ့က စတင်နေတာဖြစ်ပြီး ရုရှားနဲ့ အာရှနိုင်ငံက ခေါင်းဆောင် ၁၀ ဦးတို့ နှစ်ဖက်ဆက်ဆံရေးကိစ္စတွေ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သတ်ပြီး ဆွေးနွေးနေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)