ဆူးလေစေတီကို နိုင်ငံခြားဧည့်သည် ၀င်ရောက်မှု စည်းကမ်းအသစ်တွေ ချမှတ်ပြီး လုံခြုံရေးတိုးမြင့်မယ်

0
319

ရန်ကုန်မြို့လယ်က ဆူးလေစေတီရင်ပြင်တော်ပေါ်ကို နိုင်ငံခြားခရီးသွားဧည့်သည် ၀င်ရောက်မှုကို မေလ ၂၂ ရက်နေ့နောက်ပိုင်းမှာ စည်းကမ်းချက်အသစ်တွေ ချမှတ်ပြီး လုံခြုံရေးအင်အားတိုးမြင့် ချထားသွားမယ်လို့ ဆူးလေစေတီတော် ဂေါပကအဖွဲ့က ပြောပါတယ်။

မေလ ၁၈ ရက်နေ့က ဆူးလေစေတီ ရင်ပြင်တော်ပေါ်မှာ ဗုဒ္ဓရုပ်ပွား တော်ပုံ ရိုက်နှိပ်ထားတဲ့ လုံချည်စကတ် ၀တ်ဆင်ပြီး နိုင်ငံခြားသူနှစ်ဦး တက်ရောက်ခဲ့တဲ့ ပုံကို Facebook လူမှုကွန်ရက်စာမျက်နှာပေါ် ပျံ့နှံခဲ့တာနဲ့ ပတ်သက်ပြီး MCN က တွေ့ဆုံမေးမြန်ရာမှာ ဆူးလေစေတီဂေါပက အဖွဲ့က အခုလို ပြောပါတယ်။

ဒါ့အပြင် မေလ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ဟာ ပထမဆုံးအကြိမ်ဖြစ်ပွားခဲ့တာဖြစ်ပြီး နိုင်ငံခြားသား ၀င်ရောက်မှုစစ်ဆေးတဲ့ ကောင်တာ ၀န်ထမ်းတွေရဲ့ တာဝန်ပေါ့လျော့မှုကြောင့် ဖြစ်ပွားခဲ့ရတာဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီလို ၀တ်ဆင်ခဲ့တဲ့ နိုင်ငံခြားအမျိုးသမီးရဲ့ နိုင်ငံကို အတိအကျ မသိရှိခဲ့တာကြောင့် ဂေါပက အဖွဲ့အနေနဲ့ သတိပေးအရေးယူမှု တစ်စုံတရာ မပြုလုပ်နိုင်ခဲ့ဘူးလို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)