ပါတီတွင်း ဂိုဏ်းဂဏဖွဲ့မှုတွေကို ရှောင်ရှားဖို့ ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦး သတိပေး

0
356

အချင်းချင်းစည်းလုံးညီညွတ်မှု ပြိုကွဲစေမယ့် ဂိုဏ်းဂဏဖွဲ့မှုတွေကို ရှောင်ရှား ရမှာဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက သတိပေးပြောကြားလိုက်ပါတယ်။

မေလ (၆) ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ပြည်ခိုင်ဖြိုးဧည့်ရိပ်သာမှာ ကျင်းပတဲ့ ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းက ပါတီကော်မတီဝင်တွေနဲ့ တွေ့ဆုံစဉ် ဦးဌေးဦးက သတိပေးလိုက်တာဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးပါတီရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားတာပါ။

မိမိတို့ပါတီဝင်တွေဟာ ကိုယ်တိုင်ယုံကြည်မှု၊ ခံယူမှုတွေနဲ့ ပါတီဝင်အဖြစ် ခံယူထားကြသူတွေဖြစ်ပြီး စွမ်းရည်မတူသည့် ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားကြောင်း၊ ပါတီက ချမှတ်ထားတဲ့ မူဝါဒလမ်းစဉ်တွေကို သွေဖည်ပြီး လုပ်ဆောင်နေရင် ပါတီဝင်အဖြစ်မှ ဆုံးရှုံးကြောင်းလည်း ထည့်သွင်းပြောကြားသွားတယ် လို့ ဖော်ပြထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)