နိုင်ငံတော်သမ္မတ ဦးထင်ကျော် ရုရှားသမ္မတ Vladimir Putin နဲ့ တွေ့ဆုံဆွေးနွေး

0
315

နိုင်ငံတော် သမ္မတ ဦးထင်ကျော်ရဲ့ ပထမဆုံး ရုရှားနိုင်ငံ ခရီးစဉ်အတွင်း ရုရှားသမ္မတ Vladimir Putin နဲ့ ဒီကနေ့ တွေ့ဆုံပြီး ကုန်သွယ်ရေး စီးပွားရေးနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

သမ္မတ ဦးထင်ကျော်ဟာ ရုရှား-အာဆီယံဆက်ဆံရေးနှစ် (၂၀)ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Sochi မြို့ကို မေလ ၁၈ ရက်နေ့က ရောက်ရှိခဲ့ပါတယ်။
အဲဒီထိပ်သီးအစည်းအဝေးမှာ ရုရှားနဲ့ အာရှနိုင်ငံတွေက ခေါင်းဆောင် ၁၀ ဦးဟာ နှစ်ဦးနှစ်ဖက် ဆက်ဆံရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ဆွေးနွေးမှာဖြစ်တယ်လို့ ရုရှားမီဒီယာမှာ ဖော်ပြထားပါတယ်။ ၂၀၀၅ ခုနှစ်က ကွာလာလမ်ပူ ၊ ၂၀၁၀ ပြည့်နှစ်က ဟနွိုင်းမြို့မှာ ရုရှားနိုင်ငံနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်တွေကြား အစည်းအဝေးပြုလုပ်ခဲ့ပြီး အခု Sochi မြို့မှာ ကျင်းပမယ့် အစည်းအဝေးဟာ တတိယမြောက် တွေ့ဆုံဆွေးနွေးမှုဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)