အီဂျစ်လေယာဉ် ပျက်ကျမှု အကြမ်းဖက်မှုနဲ့ ဆက်စပ်နိုင်

0
334

အီဂျစ်လေယာဉ် ပျက်ကျမှု စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့်မဟုတ်ပဲ အကြမ်းဖက်မှုကြောင့် ဖြစ်နိုင်တယ်လို့ အီဂျစ်လေကြောင်း ပို့ဆောင်ရေး ၀န်ကြီးက ပြောပါတယ်။

MS804

မေလ ၁၉ ရက်နေ့က ရေဒါကနေ ပျောက်ဆုံးသွားခဲ့တဲ့ အီဂျစ်လေကြာင်းလိုင်း MS 804 က Airbus A320 လေယာဉ်နဲ့ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပို့ဆောင်ရေးဝန်ကြီးက အဲ့ဒီလို ပြောကြား လိုက်တာပါ။

ဒီလို ပြောကြားတဲ့နေရာမှာတော့ လေယာဉ်အဖွဲ့သားတွေအနေနဲ့ လေယာဉ်စတင် မပျောက်ဆုံးခင် အချိန်မှာ အခက်အခဲ တစ်ခုခုဖြစ်ပေါ်နေတယ်ဆိုတဲ့ သတင်းအချက်အလက်ကို မပေးပို့ဘူးလို့ ဆိုပါတယ်။

ဒါအပြင် လေယာဉ်ဟာ ပင်လယ်ထဲကို မထိုးကျခင်မှာ လမ်းကြောင်း ပြောင်းသွားခဲ့ပြီး လေယာဉ် ပျက်ကျသွားတဲ့ အီဂျစ်နိုင်ငံ တောင်ပိုင်းက Mediterranean မြေထဲ ပင်လယ်မှာလည်း ရှာဖွေရေးတွေ ပြုလုပ်နေတယ်လို့လည်း ပို့ဆောင်ရေးဝန်ကြီးက ပြောပါတယ်။

လေယာဉ်ပျက်ကျခဲ့တယ်လို့ ယူဆရတဲ့ အီဂျစ်နိုင်ငံ၊ မြေထဲ ပင်လယ်ထဲက Crete ကျွန်းတောင်ဖက်မှာ မေလ ၁၉ ရက်နေ့က လေယာဉ် ပလပ်စတစ်အပိုင်းအစကို တွေ့ရှိခဲ့ပြီး အဲဒီ အပိုင်းအစဟာ အီဂျစ်လေ ကြောင်းက ပျောက်ဆုံးသွားတဲ့ လေယာဉ်အပိုင်းအစ မဟုတ်ဘူး အီဂျစ်လေကြောင်း ဒုတိယ ဥက္ကဌဖြစ်သူက ပြောပါတယ်။

MS 804 က Airbus A320 ဟာ ပြင်သစ်နိုင်ငံ ပါရီကနေ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကို ပျံသန်းလာ တာဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၅၆ ဦးနဲ့ လေယာဉ်အမှုထမ်း ၁၀ ဦးတို့ လိုက်လာပြီး မေလ ၁၉ ရက်နေ့ မနက်ပိုင်းက စတင် ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)