သာယာဝတီအကျဉ်းထောင်က တာဝန်ရှိသူတွေကို လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ တရားစွဲဖို့ တောင်ဆို

0
328

သာယာဝတီအကျဉ်းထောင်က တာဝန်ရှိသူတွေကို လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပါတ်သတ်ပြီး စုံးစမ်းစစ်ဆေးပြီး တရားစွဲဆိုပေးဖို့ အဖမ်းဆီးခံကျောင်းသားတွေအရေး လိုက်လံဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို စက်တင်ဘာလ ၁၆ ရက်နေ့က တိုင်ကြားခဲ့ပါတယ်။
အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဝိုင်းရံပြည်သူ ၆၉ ဦးက တရားလို ရဲမှူးဖုန်းမြင့်နဲ့ ဒုရဲမှူးစန်းမြင့် တို့ကို မတရားဖမ်းဆီးချုပ်နှောင်မှုနဲ့ အရေးယူပေးဖို့ လျှောက်ထားမှုအပေါ် မြို့နယ်တရားရုံးက ပယ်ချခဲ့ပါတယ်။ ဒီလို ပယ်ချခံခဲ့ရတာကြောင့် ရက်ပေါင်း ၃၀ အတွင်း ပြန်လည်တင်သွင်းမှုအပေါ် ဖမ်းဆီးခံထားရတဲ့ ၆၉ ဦးရဲ့ လက်မှတ်ကို ရရှိအောင်လုပ်ဆောင်ပေးဖို့ အကျဉ်းထောင်အက်ဥပဒေပုဒ်မ ၄၀ နှင့် အပိုဒ် ၄၅၃၊ ၆၃၄၇ တို့အရ လျှောက်ထားခဲ့ပေမဲ့လည်း ပြန်ကြားဆောင်ရွက် လုပ်ဆောင်ပေးခဲ့ခြင်း မရှိတာကြောင့် အခုလို တရားစွဲဆိုခဲ့ရတာ ဖြစ်တယ်လို့ ပြောပါတယ်။
” ကျောင်းသားတွေနဲ့ ပါတ်သတ်လို့ရှိရင် ကျောင်းသားတွေရဲ့ ဆန္ဒက သူတို့ကို ဖမ်းဆီးစဉ်တုန်းက စာရင်းမဝင်၊ အင်းမဝင် လုယက်သွားတဲ့ လုယက်မှုတွေအပေါ်မှာ တရားဥပဒေကြောင်းအရ ဆောင်ရွက်လိုတယ်။ ဆုံးရှုံးထားတဲ့ ပစ္စည်းတွေက သိန်း ရာနဲ့ချီ ရှိတယ်။ အဲ့ဒါတွေကို အချိန်ယူပြီးတော့ ဆောင်ရွက်မှရမှာ။ ကျွန်တော်တို့ အနေနဲ့ကလည်း ဒီရဲတပ်ဖွဲ့ရဲ့ မတော်မတရားလုပ်မှုကို လုံးဝ လက်မခံနိုင်ဘူး။ ရဲက မလိုအပ်ဘဲနဲ့ အင်အားတွေ အလွန်အချွံသုံးတယ်။ တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူ၊ ပြည်သားတွေကို ကာကွယ်ရမယ့် တာဝန်တွေကို ပျက်ကွက်တယ်။ နိုင်ငံ့ ဘဏ္ဍာကို ဖြုံးနေတယ်လို့ပဲ ကျွန်တော်တို့က စွပ်စွဲချင်တယ် ” ဟု ဦးရောဘတ်စန်းအောင် (တရားလွှတ်တော်ရှေ့နေ) က ပြောကြားခဲ့ပါတယ်။
အကျဉ်းထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့လည်း ကျန်းမာရေးအခြေအနေက စိုးရိမ်နေရတဲ့ အနေအထားကို ရောက်ရှိနေပြီဖြစ်တဲ့အတွက် ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။
” အဲ့ဒီလို အခြေအနေမျိုးတွေဟာ ရဲတပ်ဖွဲ့အတွက်လည်း ဂုဏ်သိက္ခာ ထိခိုက်ရသလို နိုင်ငံတော် အစိုးရအတွက်လည်း ဂုဏ်သိက္ခာ ထိခိုက်ရတယ်။ အဲ့တော့ အစိုးရရဲ့ ဂုဏ်သိက္ခာနဲ့ ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာဆိုတာက ထိခိုက်ရတာက အောက်ခြေက အမှားအယွင်းလုပ်ထားတာကို အထက်က တာဝန်ရှိတဲ့ အရာရှိက ဖုံးအုပ်ထားလို့ ဒီလိုဖြစ်ရတာ။ အဲ့တော့ အဆင့်ဆင့်ကို အရေးယူနိုင်ဖို့အတွက် အထူးဆေးကု အဖွဲ့တွေနဲ့ ထောင်ထဲဝင်ပြီးတော့ စစ်ဆေးသင့်တယ်။ အဲ့လို မစစ်ဆေးဘူးဆိုရင်တော့ ဒီကလေးတွေရဲ့ ရှေ့ရေးဟာ မတွေးဝံ့လောက်အောင် အတွင်းကျေတွေနဲ့ ဒုက္ခရောက်တော့မယ် “ ဟု ဦးရောဘတ်စန်းအောင် (တရားလွှတ်တော်ရှေ့နေ) က ပြောကြားခဲ့ပါတယ်။
အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူ၊ ဝန်းရံပြည်သူတွေကို မတ်လ ၁၀ ရက်နေ့က လက်ပံတန်းမြို့နယ် အောင်မြေဗိမာန်ကျောင်းဝင်းအတွင်း အင်အားသုံး ဖမ်းဆီးဝင်ရောက်ခဲ့ကြပြီး သာယာဝတီအကျဉ်းထောင်မှာ အမှုရင်ဆိုင် နေရဆဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)