ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၁)နှစ်မြောက် မွေးနေ့ မြန်မာပြည် တိုင်းနဲ့ပြည်နယ်အနှံ့ ကျင်းပပြုလုပ်

0
407

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၁) နှစ်မြောက် မွေးနေ့ကို မြန်မာနိုင်ငံရဲ့တိုင်းနဲ့ပြည်နယ်တွေမှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

ဒီကနေ့ ဇွန်လ ၁၉ ရက်နေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်ပျိုးခြင်း၊ ဓာတ်ပုံပြပွဲပြုလုပ်ခြင်း၊ သွေးလှူဒါန်းခြင်း၊ စတုဒိတာကျွေးမွေးခြင်းနဲ့ သစ်ပင်စိုက်ပျိုးခြင်းတွေကို ပြုလုပ်ခဲ့ကြတာပါ။ ဒါ့အပြင် မွေးနေ့အထိမ်းအမှတ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို ဖွင့်ပွဲကျင်းပခဲ့ပြီး အဲဒီအခမ်းအနားကို အဖွဲ့ချုပ်နာယက ဦးတင်ဦး ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အင်န်အယ်ဒီက ဦးဟံသာမြင့်တို့တက်ရောက်ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၄၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ မွေးဖွားခဲ့ပြီး မွေးချင်း သုံးယောက်အနက် အငယ်ဆုံးဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)