ခင်ပွန်းဖြစ်သူဖုန်းကို ရှာဖွေမှုပြုလုပ်တဲ့ ယူအေအီးအမျိုးသမီး ပြည်နှင်ဒဏ်ပေးခံရ

0
319

ယူအေအီးနိုင်ငံက အမျိုးသမီးတစ်ယောက်ဟာ သူ့ခင်ပွန်းရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို ချိုးဖောက်မိတဲ့ပြစ်ဒဏ်နဲ့ ပြည်နှင်ဒဏ်ပေးခံခဲ့ရပါတယ်။

_89728964_89728963

ပြည်တွင်းမီဒီယာတွေရဲ့ဖော်ပြချက်အရ အဲဒီအမျိုးသမီးဟာ သူ့ခင်ပွန်း ပွဲတစ်ခုကပြန်လာပြီးနောက် သံသယဖြစ်လာတာကြောင့် ခင်ပွန်းဖြစ်သူရဲ့ဖုန်းကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါကို ခင်ပွန်းဖြစ်သူ က သူ့မိန်းမဟာ အွန်လိုင်းဆိုင်ရာပြစ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ရဲကိုတိုင်ကြားခဲ့ပါတယ်။

အဲဒီပြည်နှင်ဒဏ်အပေးခံရတဲ့ အမျိုးသမီးဟာ ဒဏ်ငွေအဖြစ် ဒါဟမ် တစ်သိန်းခွဲ(ဒေါ်လာ ၄၁၀၀၀) ဒဏ်ရိုက်ခံခဲ့ရပါတယ်။

သူအနေနဲ့ ခွင့်ပြုချက်မရှိဘဲ ဖုန်းကို ဖွင့်သုံးမိခဲ့ပြီး ဓာတ်ပုံတွေကိုလည်း သူမရဲ့ဖုန်းထဲ ကူးယူမိခဲ့တယ်လို့ တရားရုံးမှာ ၀န်ခံခဲ့တယ်လို့ အမျိုးသမီးရဲ့ရှေ့နေက ပြောပါတယ်။

နောက်ပြီး သူတို့တွေဟာ အသက် ၃၀ ခန့်ရှိပြီး အာရပ်ဖွားတွေလို့ ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)