ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်မှာ မြန်မာနိုင်ငံ အလံစိုက်ထူနိုင်ပြီ

0
344

မြန်မာတောင်တက်အဖွဲ့ဝင်နှစ်ဦးဖြစ်သော ကိုပြည့်ဖြိုးအောင်နှင့် ကိုဝင်းကိုကိုတို့နှစ်ဦးပါဝင်တဲ့ တောင်တက်အဖွဲ့ဟာ ဒီကနေ့ မေလ (၁၉)ရက် နံနက် (၇)နာရီ (၇)မိနစ်အချိန်မှာ ကမ္ဘာ့အမြင့်ဆုံး တောင်ဖြစ်တဲ့ ဧ၀ရတ်တောင်ထိပ်ကို ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံအလံကို စိုက်ထူခဲ့ပြီဖြစ်ပါတယ်။

13179244_1208308342536164_2463325457836013206_n

အမြင့်ပေ (၂၉၀၂၉)ရှိတဲ့ နီပေါနိုင်ငံက ဧရ၀တ်တောင်ကို ရောက်ရှိချိန်မှာ အဓိက ကူညီခဲ့တဲ့ ထူးဖောင်းဒေးရှင်း နာယက ဦးတေဇထံ ဖုန်းဆက်သွယ်အကြောင်းကြားခဲ့တာပါ။ တောင်တက်ခရီးစဉ်အတွင်း ရေခဲပြိုကျမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် စောင့်ဆိုင်းတက်ရောက်မှုတွေအပြင် ပြင်းထန်တဲ့ လေတိုက်နှုန်းတွေနဲ့အတူ ကြမ်းတမ်း မတ်စောက်လှတဲ့ ရေခဲပြင်တွေဖြတ်ကျော်ခဲ့ရတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)