အီဂျစ်ခရီးသည်တင်လေယာဉ်တစ်စင်း ပျံသန်းနေစဉ် ပျောက်ဆုံး

0
299

ပဲရစ်မြို့ကိုင်ရိုမြို့ကို ပျံသန်းလာတဲ့အီဂျစ်လေယာဉ်တစ်စင်း ရေဒါမှ ပျောက်ကွယ်သွားကြောင်း အီဂျစ်လေကြောင်းလိုင်းက ပြောဆိုလိုက်ပါတယ်။
အဲဒီ MS804 လေယာဉ်ထဲမှာ ခရီးသည် ၅၉ ဦးနဲ့ လေယာဉ်အမှုထမ်း ၁၀ ဦးလိုက်ပါသွားပါတယ်။

6142013EgyptAirBoeing737CreditRHLImages
လေယာဉ်ဟာ မက်ဆီတာရေနီးယန်ပင်လယ်အရှေ့ အမြင့်ပေ ၃၇၀၀၀ မှာပျံသန်းနေစဉ် ပျောက်ဆုံးသွားတာပါ။
ဒေသစံတော်ချိန် ၂ နာရီ ၄၅ မိနစ်မှာ အဆက်အသွယ်ပြတ်သွားတာလို့ အရာရှိတစ်ဦးက ပြောပါတယ်။
လေကြောင်းကုမ္ပဏီကတော့ သတင်းအချက်အလက်တွေ ထပ်ရလာတာနဲ့ အချိန်မဆိုင်းဘဲ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)