ကျောင်းစာသင်ခန်းထဲမှာပဲ စာတတ်အောင် သင်ဖို့ ဆရာ/ဆရာမတွေကို ၀န်ကြီးညွှန်ကြား

0
283

ဆရာ ဆရာမတွေ အနေနဲ့ ကျောင်းသူကျောင်းသားတွေကို ကျောင်းစာသင်ခန်းထဲမှာပဲ စာတတ်အောင်သင်ဖို့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ညွှန်ကြားလိုက်ပါတယ်။

ဒီကနေ့ ဇွန်လ ၁၈ ရက်နေ့ လှည်းကူးမြို့နယ်က ဗဟိုဝန်ထမ်းတက္ကသိုလ်မှာပြုလုပ်တဲ့ အခြေခံဆရာဆရာမအထူးမွမ်းမံသင်တန်းဆင်းပွဲမှာ အဲဒီလိုပြောကြားလိုက်တာပါ။ စာသင်နှစ်အတွင်း ဆရာဆရာမတွေ မည်သည့်အခကြေးငွေ တောင်းခြင်းမပြုလုပ်ဖို့မှာကြားခဲ့ပြီး ဆရာဆရာမတွေရဲ့လစာတွေကို ဘဏ်စာရင်းတွေက လွဲပြောင်းထုတ်ယူနိုင်ရေး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ကမ္ဘောဇဘဏ်တို့နဲ့ ညှိနှိုင်းဆောင်ရွက်ပေးသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)