ဘရာဇီး ထွက်ခွာခဲ့ရတာဟာ ဒွန်ဂါရဲ့အမှားကြောင့် မဟုတ်ဘူးလို့ ပီလီ ကာကွယ်ပြောဆို

0
293

ကိုပါအမေရိကဖလားပြိုင်ပွဲမှ ဘရာဇီးအသင်းထွက်ခွာခဲ့ရတာဟာ နည်းပြဒွန်ဂါရဲ့အမှားကြောင့် မဟုတ်ဘူးလို့ ဘရာဇီးဂန္ထ၀င်ဘောလုံးသမားကြီး ပီလီက ကာကွယ်ပြောဆိုလိုက်ပါတယ်။

ဘရာဇီးအသင်းဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့က ကစားခဲ့တဲ့ ပီရူးနဲ့ပွဲစဉ်မှာ ပီရူးကစားသမား ရာအူးလ်ရူအီဒိုင်ယက်ရဲ့ အငြင်းပွားဖွယ်လက်ထိဘောနဲ့ သွင်းယူခဲ့တဲ့ ဂိုးတစ်ဂိုးကြောင့် ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ နည်းပြ ဒွန်ဂါဟာ ဘရာဇီးအသင်းကို ဒုတိယအကြိမ် နည်းပြခွင့်ရရှိခဲ့တာဖြစ်ပြီး ယခုပွဲရှုံးနိမ့်အပြီးမှာ ရာထူးက ထုတ်ပယ်ခံခဲ့ရတာပါ။

“ဘာမှလုပ်ခွင့်မရခဲ့တဲ့ ဒွန်ဂါအကြောင်း ဆိုးဆိုးရွားရွားပြောဆိုနေကြတာဟာ အားလုံးအတွက် တရားမျှတတယ်လို့ ကျွန်တော် မထင်ဘူး။ ဘရာဇီးအသင်းဟာလေ့ကျင့်ဖို့အချိန်မရှိခဲ့သလို ပြိုင်ပွဲတိုင်းမှာလည်း တစ်သင်းလုံးကို ပြောင်းခဲ့တယ်။ ဒါကြောင့် ဒါဟာ ဒွန်ဂါ့ရဲ့အမှားမဟုတ်ဘူး” လို့ ပီလီက ပြောခဲ့ပါတယ်။
ဒွန်ဂါရဲ့နေရာမှာ ကိုရင်သီဟန်အသင်းကို အမှတ်ပေးချန်ပီယံဖလား နှစ်ကြိမ်တိုင် ဆွတ်ခူးပေးခဲ့တဲ့ တီတီကို ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။

ပီလီကတော့ တီတီဟာ ဘရာဇီးနည်းပြရာထူးအတွက် သံသယဖြစ်စရာမလိုတဲ့ သူတစ်ယောက်ဖြစ်ပြီး ဒီတာဝန်ကို ထမ်းဆောင်နိုင်လိမ့်မယ်လို့ ထင်ကြေးပေးခဲ့ပါတယ်။
“တစ်ခု သိထားဖို့ကောင်းတာက ဘရာဇီးအသင်းရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ဒွန်ဂါာဘာမှလုပ်ခွင့်မရခဲ့ဘူး။ သူတို့မှာ လေ့ကျင့်ချိန်မရှိခဲ့ပါဘူး။ တီတီကတော့ ဒီအလုပ်နဲ့ ထိုက်တန်သူတစ်ဦးပါ”လို့ ပီလီက ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)