၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် သစ်တောထွက်ပို့ကုန်မှ ဒေါ်လာသန်း ၂၁၀ ရရှိ

0
326

၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း သစ်တောထွက်ပို့ကုန်မှ အမေရိကန်ဒေါ်လာ သန်း ၂၁၀ ကျော်ရရှိခဲ့တယ်လို့ သစ်တောဝန်ကြီးဌာနက သိရပါတယ်။

မြန်မာနိုင်ငံဟာ အာရှ-ပိစိဖိတ်ဒေသမှာ သစ်ထုတ်လုပ်တဲ့ထိပ်တန်းနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီး တန်ဖိုးကြီး ကျွန်းနဲ့ တခြားသစ်မာတွေ ထွက်ရှိပါတယ်။ ယခုနှစ်ထဲမှာတော့ သစ်တောတွေကိုကာကွယ်ထိန်းသိမ်းဖို့အတွက် ကျွန်းသစ်ထုတ်လုပ်မှုရပ်ဆိုင်းခဲ့ပြီး တခြားသစ်မာထုတ်လုပ်မှုတွေကိုလည်း လျှော့ချခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၉၀ ခုနှစ်က သစ်တောဖုံးလွှမ်းမှု ၅၇ ရာခိုင်နှုန်းရှိခဲ့ရာက ၂၀၁၅ ခုနှစ်မှာ ၄၅ ရာခိုင်နှုန်းအထိလျော့ကျခဲ့တယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)