ဗြိတိန်လွှတ်တော်အမတ်အား လုပ်ကြံ သတ်ဖြတ်သူကို ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေး

0
313

အသက် ၄၁ နှစ်အရွယ် ဗြိတိန် လွှတ်တော်အမတ် Jo Cox ဟာ ကြာသပတေးနေ့က အင်္ဂလန်မြောက်ပိုင်း West Yorkshire မှာ မြို့ခံလူထုတွေနဲ့ တွေ့ဆုံနေစဉ်မှာ သေနတ်ပစ် ဓါးနဲ့ထိုး အသတ်ခံခဲ့ရပြီး သေဆုံးသွားခဲ့ပါတယ်။

လွှတ်တော်အမတ်ကို လုပ်ကြံသတ်ဖြတ်ခံသူ လို့ ယူဆရတဲ့ အသက် ၅၂ နှစ်အရွယ် Tomas Mair ကို ရဲတွေက ဖမ်းဆီးခဲ့ပြီး လန်ဒန်မြို့ လယ်က တရားရုံးမှာ ဒီကနေ့ ရုံးတင်စစ်ဆေးမှာပါ။

လုပ်ကြံသူဟာ Britain First ဗြိတိန်သာ ပထမဖြစ်ရမယ်လို့ ၃ ကြိမ် အော်ဟစ်ပြီး Cox ကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူတွေကပြောပါတယ်။ West Yorkshire က ရဲအရာရှိကတော့ အဲဒီ တိုက်ခိုက်မှုရဲ့ နောက်ကွယ်က အကြောင်းအရာကို စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

Jo Cox ဟာ ကလေးနှစ်ဦးမိခင်ဖြစ်ပြီး လူအများချစ်ခင်လေးစားခံရတဲ့ အမတ်တစ်ဦးဖြစ်သလို ဥရောပမှာ ဗြိတိန် ဆက်ရှိနေရေး လိုလားသူတစ်ဦးဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)