လမ်းပေါ်နေ ကလေးငယ်တွေထဲမှာ ကျေးလက်ဒေသက မိသားစုလိုက်ပြောင်းရွှေ့လာသူတွေ ပါဝင်

0
349

လမ်းပေါ်နေ ကလေးငယ်တွေကို စစ်တမ်း ကောက်ယူရာမှာ ကျေးလက်ဒေသကနေ မြို့ပေါ်ကို မိသားစုလိုက် ရွှေ့ပြောင်းအလုပ်လုပ်ကိုင်ရာကနေ မိသားစုအလိုက် လမ်းပေါ်မှာနေထိုင်မှု တွေလည်း ပါဝင် နေတယ်လို့ သိရပါတယ်။ မန္တလေးမြို့မှာ လမ်းပေါ်နေကလေးငယ်တွေ လျှော့နည်းပပျောက်ရေး အလုပ်ရုံဆွေးနွေးပွဲမှာ တင်ပြတဲ့ အစီရင်ခံစာအရ လမ်းပေါ်နေ ကလေးငယ် အများစုဟာ မိသားစု စီးပွားရေး အဆင်မပြေမှုကြောင့် တစ်ဖက်တစ်လမ်းက ၀င်ငွေ ရှာဖွေနေကြရတာပါ။

လမ်းပေါ်နေ ကလေးငယ်တွေရဲ့ ပညာရေးအခြေအနေအရ (၆၂)ရာခိုင်နှုန်းခန့် မူလတန်းပညာကို သင်ကြားထားကြ ကျောင်းဆက်မတက်ကြ သူတွေ ဖြစ်ကြပါတယ်။

ဒီစစ်တမ်းကို မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးနဲ့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ လူမှုရေးအဖွဲ့အစည်းတွေက မြို့နယ်(၆)မြို့နယ်က အသက် (၁၂)နှစ်ကနေ (၁၈)နှစ်ကြား ကလေးငယ် (၁၂၀)ကို မေးမြန်းစစ်တမ်းကောက်ယူထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)