မိမိတို့ အခက်အခဲတွေထက် ပြည်သူတွေရဲ့ ဒုက္ခဝေဒနာကို ဦးစားပေး ကုစားပေးရန် ဦးဝင်းမြင့် ပြောကြား

0
363

 

ပြည်သူ့ကိုယ်စားလှယ်တွေအနေနဲ့ မိမိတို့ တွေ့ကြုံရတဲ့အခက်အခဲတွေထက် ပြည်သူတွေရဲ့ ဒုက္ခဝေဒနာကို ရှေးရှုပြီး ကုစားပေးဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။ ဒီကနေ့ ဇွန်လ ၁၈ ရက်နေ့ ကရင်ပြည်နယ်လွှတ်တော်မှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံစဉ် အဲဒီလိုပြောကြားလိုက်တာပါ။

လွှတ်တော်အစည်းအဝေးတွေ ရပ်နားချိန်မှာ မဲဆန္ဒရှင်ပြည်သူတွေထံ သွားရောက်ပြီး လွှတ်တော်အတွေ့အကြုံတွေကို သွားရောက်ရှင်းလင်းပြပြီး ပြည်သူတွေရဲ့လိုအပ်ချက်တွေကိုလည်း သက်ဆိုင်ရာဌာနတွေနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် သွားဖို့လည်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ တောင်ပေါ်မြေပြန့်မခွဲဘဲ ဒီမိုကရေစီ အသီးအပွင့်တွေနဲ့ ပန်းရနံ့တွေ သင်းပျံ့လာစေဖို့ တက်ညီလက်ညီဆောင်ရွက်ကြဖို့ မှာကြားခဲ့တာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)