ကိုရီးယားနိုင်ငံက လှူဒါန်းတဲ့ကျောင်းကား အစီး(၄၀) နေပြည်တော်ရှိ အထက်တန်းကျောင်း သုံးကျောင်းမှာ အသုံးပြုမယ်

0
348

ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက ပညာရေးဝန်ကြီးဌာနကို လှူဒါန်းတဲ့ကျောင်းကား အစီး(၄၀)ကို နေပြည်တော်မှာရှိတဲ့ကျောင်းသုံးကျောင်းမှာ အသုံးပြုသွားမှာဖြစ်ပါတယ်။

t1.daumcdnasdf.net

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်မှာရှိတဲ့ အထက်တန်းကျောင်း သုံးကျောင်းကို ပေးအပ်သွားမှာဖြစ်ပြီး လာမယ့် ဇွန်လ ၂၃ ရက်နေ့စပြီး ကျောင်းကြိုကားအဖြစ် စတင်အသုံးပြုသွားမှာဖြစ်ပါတယ်။

ကျောင်းကားမောင်းတဲ့ယာဉ်မောင်းတွေကို ကိုရီးယားအေဂျင်စီက သင်တန်းပေးသွားမှာဖြစ်ပြီး သုံးနှစ်အတွင်း ယာဉ်တွေပျက်စီးရင်လည်း ထောက်ပံ့ကူညီမှုတွေ ပေးသွားမှာဖြစ်ပါတယ်။ ယာဉ်မောင်းလစာတွေနဲ့ စက်သုံးဆီစရိတ်တွေကိုတော့ အခြေခံပညာဦးစီးရဲ့ ခွင့်ပြုရန်ပုံငွေက ပေးအပ်သွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)