ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ ၁၀၉ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်းမယ်

0
382

နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ ၁၀၉ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ဇွန်လ ၂၀ ရက်နေ့မှာ နံနက် ၁၀ နာရီမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

ရန်ကုန်မြို့၊ ကမ္ဘာအေးစေတီလမ်း၊ ချမ်းမြေ့ရိပ်သာမှာကျင်းပမယ့် အဲဒီလှူဒါန်းပွဲကို ဦးနုထာဝရရန်ပုံငွေအဖွဲ့က ကြီးမှူးပြုလုပ်တာဖြစ်ပြီး ချမ်းမြေ့ဆရာတော်ကြီးအပါအ၀င် သံဃာတော်တွေနဲ့ ယောဂီတွေကို ဆွမ်းကပ်လှူမှာဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဦးနုကို ဧရာဝတီတိုင်း မြောင်းမြခရိုင် ၀ါးခယ်မမြို့မှာ မွေးဖွားခဲ့ပြီး မွေးချင်းနှစ်ဦးအနက် အကြီးဖြစ်ကာ ငယ်နာမည်မှာ မောင်ဥဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ၀န်ကြီးချုပ်တာဝန်ကို ၁၉၄၈ ခုနှစ် ဇန်န၀ါရီ ၄ ရက်နေ့မှာ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ဗိုလ်ချုပ်နေ၀င်းရဲ့ အာဏာသိမ်းမှုကို ခံခဲ့ရပါတယ်။ ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ရန်ကုန်မြို့ ဗဟန်းမြို့နယ် နေအိမ်မှာ ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် (၈၇)နှစ်ရှိပြီဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)