ရန်ကုန်မြို့ပြ စီမံကိန်းအတွက် ပြင်သစ်နိုင်ငံက ကူညီမယ်

0
328

ရန်ကုန်မြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အပါအ၀င် ရန်ကုန်မြို့ပြ စီမံကိန်း အတွက် ပြင်သစ်နိုင်ငံက အကူအညီပေးသွားဖို့ ရှိနေပါတယ်။

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ပြင်သစ်နိုင်ငံခြားရေးနဲ့ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ၀န်ကြီး H.E. Mr. Jean-Marc AYRAULT ဟာ နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဇွန်လ (၁၇)ရက် မနေ့က တွေ့ဆုံခဲ့ပါတယ်။

ဒါ့ပြင် ဇွန်လ (၁၈)ရက် ဒီကနေ့ နံနက်ပိုင်းကလည်း ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ တွေ့ဆုံခဲ့ပြီး ရန်ကုန်မြစ်ကြောင်း ထိန်သိမ်းရေးဆိုင်ရာ လုပ်ငန်းတွေမှာ ပြင်သစ်နိုင်ငံက အကူအညီပေးရေး အပါအ၀င် ပြင်သစ် စီးပွားရေးလုပ်ငန်းတွေ ရန်ကုန်မြို့မှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ယူရိုငွေ သန်း(၂၀၀) အကူအညီပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ လည်း မနေ့က ကျင်းပတဲ့ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြင်သစ်နိုင်ငံခြားရေးနဲ့ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ၀န်ကြီးက ထုတ်ဖော်ပြောကြားထား တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)