ဆိုင်ကယ်စီးနင်းသူတွေ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာဖို့ အခက်အခဲရှိ

0
338

ဆိုင်ကယ်စီးတဲ့သူတွေ ယာဉ်စည်းကမ်းလိုက်နာဖို့ ပညာပေးမူတွေကို အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဌာနဆိုင်ရာတွေက ဆောင်ရွက်နေပေမယ့် လိုအပ်ချက်တွေရှိနေပါတယ်။ ၂၀၁၅ ခုနှစ်မှာပြဋ္ဌာန်းလိုက်တဲ့ မော်တော်ယဉ်ပဒေအရ စည်းကမ်းမလိုက်နာသူတွေကို ဒဏ်ငွေ ၃၀၀၀၀ ကနေ သိန်း၅၀ အထိ အရေးယူနိုင်တာဖြစ်ပါတယ်။

ရန်ကုန်မြို့ တစ်ဖက်ကမ်း ဒလမြို့နယ်မှာ ဆိုရင် ဆိုင်ကယ်အစီးရေ ၁ သိန်းခန့်ရှိနေတာဖြစ်ပြီး အဌားလိုက်တဲ့ ဆိုင်ကယ် ကယ်ရီတွေအမြောက်အများရှိနေတာပါ။ ယဉ်စည်းကမ်းနဲ့ ပတ်သက်ပြီး ဆိုင်ကယ် ကယ်ရီမောင်းသူတွေ မသိ ရှိသေးတဲ့အချက်တွေ များစွာရှိနေသေးသလို တစ်ချို့ဥပဒေပါ အချက်တွေကြောင့် အခက်အခဲတွေရှိနေပါတယ်။

ဆိုင်ကယ်စီးတဲ့ သူတွေကို ယဉ်စည်းကမ်းနဲ့ ပါတ်သက်တဲ့အရေးယူမူတွေ ပြုလုပ်တဲ့နေရာမှာ နေတိုင်းဖမ်းဆီး အရေးယူမူတွေပြုလုပ်တာမျိုးမဟုပ်ဘဲ စီမံချက်နဲ့ ဖမ်းဆီးတာမျိုးတွေက ဆိုင်ကယ်စီးနင်းသူတွေအတွက် လမ်းစည်းကမ်းလိုက်နာဖို့ ခက်ခဲတစ်ချို့ရှိနေပါတယ်။

၂၀၁၆ ခုနှစ် ဇန်န၀ါရီလကနေ မေလအထိ ဒလ မြို့နယ်အတွင်း ယဉ်စည်းကမ်းဖောက်ဖျက်မူကြောင့် အမှု ၁၅ ခုဖွင့်ထားပြီး ၁၄ မှုက ဆိုင်ကယ် ဦးထုပ်မဆောင်းတာတွေနဲ့ ဆိုင်ကယ်တိုက်မှုနဲ့ ပတသက်တဲ့ သေမှု သေခင်းတွေဖြစ်တယ်လို့ ဒလမြို့နယ် မြို့မရဲစခန်းက ထုတ်ပြန်ထားပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)