မန္တလေးတိုင်းဒေသကြီး ကိုယ်အင်္ဂါ မသန်စွမ်းသူများအသင်း ဖွင့်လှစ်ခြင်း (၆) နှစ်ပြည့်အခမ်းအနား

0
332

မန္တလေးတိုင်းဒေသကြီး ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း ဖွင့်လှစ်ခြင်း (၆) နှစ်ပြည့်အခမ်းအနားကို မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ် မန္တလေးမြို့တော်ခန်းမ မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီအခမ်းအနားမှာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ အလှူရှင်တစ်ချို့ကနေ မန္တလေးတိုင်းကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းကို အလှူငွေပေးအပ်လှူဒါန်းတာတွေ ပြုလုပ်ခဲ့ပါတယ်။ဒီပွဲကို လာရောခဲ့သူတွေထဲက လူငယ်တစ်ချို့ဟာ ဆိုရင် ကိုယ်အင်္ဂါမသန်စွမ်းပေမယ့်လည်း ရရှိလာတဲ့ ကူညီထောက်ပံမှုတွေ ကို အကျိုးရှိရှိအသုံးချနေသလို ဘ၀ကိုအရှုံးမပေးဘဲလျောက်လှမ်းဖို့ပြင်ဆင်နေကြတာပါ။ဒီအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး အစိုးရ ၀န်ကြီးချုပ် ဦးဇော်မြင့်မောင် တက်ရောက်ခဲ့ပြီး ကိုယ်အင်္ဂါမသန်စွမ်းသူများ အနေနဲ့ လူမှုအသိုင်းအ၀ိုင်းမှာ အတားအစီးအနှောက်အယှက်မရှိဘဲ တန်းတူပါဝင်ခွင့်ရရှိပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေး ၊ လူမှုရေး လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ဖို့ လိုအပ်ကြောင်းပြောကြားသွားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)