မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြင်သစ်နိုင်ငံက ယူရို သန်း(၂၀၀) ထောက်ပံ့သွားမယ်

0
316

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြင်သစ်နိုင်ငံက ယူရို သန်း(၂၀၀) ထောက်ပံ့သွားမယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျွန်မာ့အဲဟိုက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဇွန်လ ၁၇ ရက်နေ့ နေပြည်တော်မှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက အဲဒီလိုပြောကြားလိုက်တာပါ။
ကျွန်တော်တို့ အခုချိန်ကနေ စပြီးတော့ မြန်မာနိုင်ငံကို ပြင်သစ်နိုင်ငံက ယူရိုငွေ မီလီယံ ၂၀၀ ကို အမြန်ဆုံး ထောက်ပံ့ပေးသွားဖို့ အစီအစဉ်တွေ ရှိတယ်လို့ ပြောကြားခဲ့တာပါ။

ဒါ့အပြင် အစိုးရရဲ့ အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းတွေကို ချီးကျူးဂုဏ်ပြုပြီး အစိုးရသစ်ကို ပြင်သစ်နိုင်ငံအနေနဲ့ ကူညီထောက်ပံ့မှုတွေ ပြုလုပ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ကဏ္ဍမျိုးစုံအတွက် ပြင်သစ်နိုင်ငံရဲ့ထောက်ပံ့မှုအတွက် အထူးကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)