မြန်မာအေဂျင်စီ ၁၀ ခုကို အလုပ်ခေါ်ယူမှု (၆)လ ဆိုင်းငံ့ထားခံရတဲ့သတင်း မှန်ကန်မှုမရှိ

0
362

ထိုင်းနိုင်ငံမှာ MOU ထိုးထားတဲ့ မြန်မာအေဂျင်စီ ၁၀ ခုကို အလုပ်ခေါ်ယူမှု(၆)လ ဆိုင်းငံ့ထားခံရတဲ့သတင်းဟာ မှန်ကန်မှုမရှိဘူးလို့ မြန်မာနိုင်ငံ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကပြောဆိုလိုက်ပါတယ်။

လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေးသားဖော်ပြနေ ဒီသတင်းနဲ့ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးကို MCN သတင်းဌာနရဲ့ သီးခြားဆက်သွယ်မေးမြန်းချက်ရာ အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။

ထိုင်းနိုင်ငံက lucky Spinnig Co.Ltd ကုမ္ပဏီမှာ အလုပ်သမားအချို့ရဲ့ ပြသနာတွေကို ဖြေရှင်းနေတဲ့အတွက် အလုပ်သမားရှာဖွေရေးအေဂျင်စီဖြစ်တဲ့ Golden Sea နဲ့ National Focus အေဂျင်စီတို့ကို ယာယီတားမြစ်ထားတာဖြစ်ပြီး ဖြေရှင်းပြီးတဲ့ အခါမှာ ချက်ခြင်းပြန်လည်ခွင့်ပြု ပေးသွားမှာဖြစ်ပါတယ်။ လက်ရှိမှာ lucky Spinnig Co.Ltd ကုမ္ပဏီမှာ ဝန်ထမ်းအင်အားလျော့ချလိုက်တဲ့ အပေါ်မှာ ဝန်ထမ်းတွေအနေနဲ့ နားလည်မှုအချို့ လွဲခဲ့တဲ့အတွက် အခုလို စစ်ဆေးမှုတွေပြုနေ တာဖြစ်ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)