မြန်မာနိုင်ငံမှာ လူဦးရေ သုံးသောင်းနီးပါး ရေဘေးဒုက္ခ ခံစားနေရ

0
357

မြန်မာနိုင်ငံမှာ ရေကြီးရေလျှံမှုတွေကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ် (၅) ခုက အနည်းဆုံး လူဦးရေ ၂ သောင်း ၆ ထောင်လောက် ရေဘေးဒုက္ခခံစားနေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (မြန်မာ)က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေက ပြည်သူတွေ ရေဘေးဒုက္ခကို ခံစားနေရတာဖြစ်တယ်လို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာနရဲ့ ကနဦး အစီရင်ခံစာတွေအရ သတင်းထုတ်ပြန် လိုက်တာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အစိုးရနဲ့ ဒေသဆိုင်ရာ မီဒီယာတွေရဲ့ ထုတ်ပြန်မှုတွေအရ လူ (၁၄)ဦးခန့် သေဆုံးခဲ့တဲ့အပေါ်လည်း ညှိနှိုင်းရေးမှူးအဖြစ် ခေတ္တတာဝန်ယူ ဆောင်ရွက်နေတဲ့ မစ္စဂျဲနက်ဂျက်ဆင်အနေနဲ့ အထူးဝမ်းနည်းမိတယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဒီလိုဖြစ်ပေါ်မှုတွေအတွက် မြန်မာအစိုးရအနေနဲ့ အကူ အညီတောင်းခံထားသလို ကုလသမဂ္ဂအနေနဲ့လည်း အဆင်သင့်ပြင်ဆင်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)