စစ်ပညာ ပူးပေါင်းဆောင်ရွက်ရေး အချက်ပါတဲ့ ရုရှား-မြန်မာ စစ်ရေးသဘော တူညီချက်စာချုပ် လက်မှတ်ရေးထိုး

0
394

ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ မြန်မာနိုင်ငံတို့အကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ သဘောတူညီချက်စာချုပ်ကို ဇွန် ၁၆ ရက်နေ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။

အဲဒီလက်မှတ်ရေးထိုးပွဲကို ရုရှားနိုင်ငံ မော်စကိုမြို့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ရုရှားကာကွယ်ရေး ဒုတိယ၀န်ကြီး အန်တိုနော့ဗ်နဲ့ မြန်မာနိုင်ငံဘက်က ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မြင့်နွယ်တို့ တက်ရောက်လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

ဒီသဘောတူညီချက်စာချုပ်အရ နှစ်နိုင်ငံ တပ်မတော်(ရေ) အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး၊ စစ်ဖက်ဆေးပညာ၊ စစ်ပညာနဲ့ အခြားနယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့စတဲ့အချက်တွေ ပါဝင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့တပ်မတော်သား အားကစားသမားတွေကို လေ့ကျင့်ပေးရေးနဲ့ ရုရှားဘာသာစကားသင်ကြားပေးရေးတို့ပါဝင်ပြီး ပင်လယ်ပြင် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ ပူးဆောင်ရွက်ဖို့ သဘောတူညီချက်တွေလည်း ပါဝင်တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)