ဆစ်(ဒ်)နီဟာဘာ တံတားဘောင်ပေါ် တက်ခဲ့တဲ့ အမျိုးသားကို ဖမ်းဆီး

0
349

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့က Sydney Harbour တံတားဘောင်ခုံးပေါ်ကို တက်ခဲ့တဲ့ အမျိုးသားကို ယာဉ်ကြော ပိတ်ဆို့ပြီး မတော်တဆမှုတွေ ဖြစ်စေတဲ့အတွက် မေလ ၁၇ ရက် ဒီကနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။

အဲ့ဒီအမျိုးသားဟာ တံတားကို တက္ကစီကားနဲ့ ရောက်ရှိလာပြီးနောက် တံတားဘောင်ပေါ်ကို တက်ခဲ့တာပါ။ အဲဒီအမျိုးသားကို ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၅၀ မိနစ်မှာ တံတားဘောင်ပေါ်က ပြန်ဆင်းလာချိန်မှာ ဖမ်းဆီးခဲ့ပါတယ်။ အဲဒီ အမျိုးသားကို အောက်ဆင်းခိုင်းဖို့ လုပ်ဆောင်နေချိန်အတွင်း တံတားကို ယာယီပိတ်ထားခဲ့ပြီး ပြီးတာနဲ့ ပြန်ဖွင့်ခဲ့ပါတယ်။ အဲဒီ အမျိုးသားကို ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်ဖို့အတွက် Royal North Shore ဆေးရုံကို ခေါ်ဆောင်သွားခဲ့ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)