ချက်အရက်သောက်လို့ အင်ဒိုနီးရှားမှာ လူ ၁၂ ဦးသေ

0
342

အင်ဒိုးနီးရှားနိုင်ငံမှာ ချက်အရက်သောက်ပြီး လူ ၁၂ ယောက်သေဆုံးသွားတယ်လို့ ဒီကနေ့ မေလ ၁၇ ရက်နေ့က ရဲတွေပြောဆိုလိုက်ပါတယ်။

yrwz67ed

မွတ်စလင်တွေ အများစုရှိတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ချက်အရက်ကြောင့် ဖြစ်ပွားတဲ့ လတ်တလောသေမှုသေခင်းလည်းဖြစ်ပါတယ်။ ဒီသေဆုံးမှုဟာ မကြာသေးခင်ကပဲ ဂျာဗားကျွန်းရဲ့ ဘန်တူခရိုင်မှာဖြစ်ပွားခဲ့တယ်လို့ ရဲဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ အန်နီက ဆိုပါတယ်။

နောက်ပြီး ချက်အရက်သောက်သုံးခဲ့တဲ့ အခြားလေးယောက်ကလည်း ဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။ ချက်အရက်ရောင်းသူလို့ သံသယရှိသူတစ်ဦးကို ဖမ်းဆီးထားပြီး အရက် ၈၁ ပုလင်းကို နိုင်ငံပိုင်သိမ်းယူထားပါတယ်။

သံသယရှိသူဟာ လူသေဆုံးမှုနဲ့စွပ်စွဲခံခဲ့ရပြီး ထောင် ၁၅ နှစ်ကနေ နှစ် ၂၀ လောက်ထိ ကျနိုင်ပါတယ်လို့ အန်နီက ပြောပါတယ်။

ရဲတွေကတော့ ချက်အရက်ထဲမှာ ဘာတွေပါလဲဆိုတာကိုတော့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)