သူငယ်တန်းပညာရေးစနစ်သစ်သတင်း မှားယွင်းဖော်ပြခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာဝန်ခံ

0
285

ပညာရေးဝန်ကြီးက သူငယ်တန်းတွေအတွက် သင်ရိုးသစ်စနစ်ကို လာမယ့် ၂၀၁၇-၂၀၁၈ခုနှစ် ပညာသင်နှစ်ကျမှ အကောင်အထည်ဖော်နိုင်မယ်လို့ နိုင်ငံပိုင်သတင်းစာတစ်စောင်ဖြစ်တဲ့ The Global News Light of myanmar သတင်းစာမှာ မေလ ၁၆ ရက်နေ့က ဖော်ပြခဲ့ပါတယ်၊

Untitled-1

အဲဒီသတင်းဟာ သတင်းဘာသာပြန်တာ လွဲမှားသွားတဲ့ အတွက် မှားယွင်းကြောင်းကို မေလ ၁၇ ရက်နေ့ထုတ်အဲဒီသတင်းစာမှာ အမှားပြင်ဆင်ချက်အနေနဲ့ ပြန်လည်ဖော်ပြပေးထားကြောင်း အဲဒီသတင်းစာရဲ့ အယ်ဒီတာချုပ် ဦးခင်မောင်အေး က MCN သတင်းဌာနရဲ့ သီးခြားဆက်သွယ်မေးမြန်းရာမှာ ပြောကြားလိုက်ပါတယ်။ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက သူငယ်တန်းတွေအတွက် သင်ရိုးသစ်စတင်ရာမှာ အခက် အခဲ အချို့ ရှိနိုင်တယ်လို့သာ ပြောကြားခဲ့တာဖြစ်ပြီး ရွှေ့ဆိုင်းမယ်လို့ပြောကြားခဲ့တာမဟုတ်ဘူးလို့ အယ်ဒီတာ ချုပ်ဦးခင်မောင်အေးကပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)