ကားမတော်တဆကြောင့်ဒဏ်ရာရခဲ့တဲ့လူနာ လူနာတင်ကားထပ်မှောက်လို့သေဆုံး

0
313

ထိုင်းနိုင်ငံ Sai Yok ခရိုင်မှာ ပြီးခဲ့တဲ့ မေလ ၁၆ ရက် မနေ့က အစောပိုင်းက လူနာတင် ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်မှာလိုက်ပါလာတဲ့ လူနာတစ်ဦးသေဆုံးခဲ့ပါတယ်။

c1_976585_620x413

နောက်ပြီး လူနာတင်ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ လူ ၅ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Bangkok Post သတင်းစာမှာ မေလ ၁၇ ရက်နေ့က ဖော်ပြထားပါတယ်။ မတော်တဆမှုဟာ Saengchuto လမ်းမပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ Sai Yok ခရိုင် ရဲအရာရှိဖြစ်သူက ပြောပါတယ်။

သယ်ဆောင်လာတဲ့လူနာဟာ ကားမတော်တဆဖြစ်ကာ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တာဖြစ်ပြီး ဆေးရုံတစ်ခုကနေ တခြားဆေးရုံကို သွားတဲ့လမ်းမှာ ကားမတော်တဆမှု ထပ်မံဖြစ်ပွားခဲ့တာပါ။ မိုး သည်းသည်းမည်းမည်း ရွာထားတာကြောင့် ကားဘီးချော်ပြီး လမ်းပေါ်ကနေ မြောင်းထဲကို ထိုးချသွားခဲ့တာဖြစ်တယ်လို့ ယာဉ်မောင်းကပြောပါတယ်။ ရဲတွေက မတော်တဆမှုနဲ့ ပတ်သက်ပြီး နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)