အခြေခံပညာကျောင်းများပိုလျှံမှ ဘကကျောင်းတွေ ဗလာစာအုပ်နဲ့ ကျောင်းဝတ်စုံရမယ်

0
309

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေအနေနဲ့ နိုင်ငံတော်အစိုးရက အခမဲ့ထောက်ပံ့ပေးတဲ့ ဗလာစာအုပ်နဲ့ကျောင်းသားဝတ်စုံတွေကို အခြေခံပညာကျောင်းတွေက ပိုလျှံမှာသာ ရရှိမယ်လို့ သိရပါတယ်။

13237826_1061532260588009_4816498109486194222_n

ကျောင်းသားတစ်ယောက်ကို ဗလာစာအုပ် ခြောက်အုပ်နဲ့ ကျောင်းဝတ်စုံတွေကို အခြေခံကျောင်းတွေ ပိုလျှံမှာသာရမယ်လို့ တမူးပညာရေးမှူးရုံးက တမူးခရိုင် ခမ်းပါတ်မြို့က ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ဖုန်းဆက်ပြောဆိုခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် အရင်နှစ်တွေကလည်း ကျောင်းဝတ်စုံတွေ ပေးတယ်ဆိုပေမယ့် တစ်ခါမှ မရဖူးသေးဘူးလို့ တမူးခရိုင် ခမ်းပါတ်မြို့က ဘုန်းတော်ကြီးသင်ပညာရေးကျောင်းက ကျောင်းအုပ်ဆရာတော်က ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)