အလုပ်ထုတ်နစ်နာကြေးအမြန်ဆုံးပေးဖို့ လ၀န်းထက်သာအထည်ချုပ်စက်ရုံအလုပ်သမားတွေ ဆန္ဒပြတောင်း

0
349

အလုပ်ထုတ်နစ်နာကြေးအမြန်ဆုံးပေးဖို့ လ၀န်းထက်သာအထည်ချုပ်စက်ရုံ အလုပ်သမားတွေ ဆန္ဒပြ

တောင်းဆိုခဲ့ကြပါတယ်။ဒီသတင်းကို MCN သတင်းထောက် ကေသွယ်က ပေးပို့ထားပါတယ်။

ရန်ကုန်တိုင်းသေကြီး လှိုင်သာယာမြို့နယ် ရွေလင်ပန်းစက်မှုဇုန် လ၀န်းထက်သာအထည်ချုပ် စက်ရုံက ရုတ်တရက်အလုပ်မှရပ်နားခံခဲ့ရတဲ့ အလုပ်သမား ၈၅ ဦးဟာ အလုပ်ထုတ်နစ်နာကြေး မရရှိသေးတဲ့အတွက် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဒီကနေ့ ဇူလိုင်လ ၁၆ ရက်နေ့ မနက်ပိုင်းက လှိုင်သာယာမြို့နယ် ရန်ကုန်ပုသိမ်လမ်းမကြီး ဘီအိုစီမှတ်တိုင်ကနေ အောင်မြင်သာယာဘုရားအနီးမှာရှိတဲ့ ဘောလုံးကွင်းအထိ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

အသိပေးမှုမရှိဘဲ ရုတ်တရက် အလုပ်ရပ်နားခဲ့မှုကို အလုပ်ရပ်နားခံရတဲ့ အလုပ်သမားတွေက မြို့နယ်ဖျန်ဖြေ ရေးရုံးကို တိုင်ကြားခဲ့ပေမယ့် ထိထိရောကရောက် ဖြေရှင်းပေးတာမျိုး မရှိခဲ့ဘူးလို့ ဆန္ဒပြအလုပ်သမားတွေက ပြောပါတယ်။ ဒီအတွက် ဆန္ဒဖော်ထုတ်ခဲ့တဲ့ ၈၅ ဦးက ရုတ်တရက် အလုပ်ရပ်နားခံရမှုနဲ့ပတ်သတ်ပြီး ဖြေရှင်း ပေးဖို့ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိကောင်စီအဖွဲ့ကိုတင်ပြထားတယ်လို့ပြောပါတယ်။

လ၀န်းထက်သာ အထည်ချုပ်စက်ရုံကို ပြီးခဲ့တဲ့ ၆လပိုင်း ၂၅ရက်နေ့ကာ ရုတ်တရက်ပိတ်သိမ်းခဲ့တာဖြစ်ပြီး စက်ရုံလုပ်သားတွေကို အလုပ်မှရုတ်တရက်ရပ်နားခဲ့တာတွေ လုပ်ခလစာမပေးတာတွေ အလုပ်ထုတ်တာတွေရှိခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)