အမြန်လမ်းတွင် စေတမန်ခရီးသည်တင်ယာဉ် တိမ်းမှောက်မှူကြောင့်၂ဦးသေဆုံးပြီး ၂၅ဦး ဒဏ်ရာရ

0
297

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် အမြန်လမ်းရဲစခန်းအပိုင် ရန်ကုန် -မန္တလေး အမြန်လမ်းမကြီးတွင် ဇူလိုင်လ၁၅ရက်နေ့ည၁၀နာရီခန့်ကစေတမန်ခရီးသည်တင်ယာဉ်တစ်စီးတိမ်း မှောက်မှုဖြစ်ပွားခဲ့ပါတယ်။

FB_IMG_1468606766188

အဲဒီ စေတမန်ခရီးသည်တင်ယာဉ် YGN/6E -8360ယာဉ်မှာ ရန်ကုန်မှတောင်ငူသို့ ည၇း၀၀အချိန်တွင် ခရီးသည် ၃၁ဦးတင်ဆောင်၍ထွက်ခွာလာခဲ့ရာအမြန်လမ်းမိုင်တိုင် ၉၇/၆နှင့် ၉၇/၇အကြားအရောက်တွင်စလစ်ဖြစ်ကာကားလမ်းနှင့်ပေ၃၀ခန့်အကွာတွင်တိမ်းမှောက် ခဲ့ခြင်းဖြစ်ပါတယ်။

ထိခိုက်ဒဏ်ရာရရှိတဲ့ ခရီးသည် ၂၅ ဦးမှာ မြို့ချောင်းတိုက်နယ်ဆေးရုံတွင်ဆေးကုသမှူခံယူလျက်ရှိပြီးထွက်ပြေးတိမ်းရှောင်သွားသောယာဉ်မောင်းကိုဇေနှင့်ယာဉ်နောက်လိုက်တို့အားအမြန်ဆုံးဖမ်းဆီးရမိရေးအတွက်သက်ဆိုင်ရာအမြန်လမ်းနယ်မြေရဲစခန်းမှရဲလုပ်ငန်းများနှင့်အညီအမှူဖွင့်အရေးယူဆောင်ရွက်လျက် ရှိပါတယ်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)