ဝမ်ပေါင်ကုမ္ပဏီနဲ့ ယန်စီကုမ္ပဏီက နေ့စားမြန်မာလုပ်သားတွေ လစာတိုးမြှင့်ပေးဖို့ တောင်းဆို

0
350


တစ်ရက်လုပ်ခ ၃၁၀၀ကျပ် သာရရှိနေတဲ့အတွက် လစာတိုးမြင့်ပေးဖို့နဲ့
လခစားဝန်ထမ်းအဖြစ် ခန့်ထားပေးဖို့ ၀မ်ပေါင်ကုမ္မဏီနဲ့ ယန်စီကုမ္မဏီက နေ့စား မြန်မာလုပ်သားတွေက တောင်းဆိုနေကြပါတယ်ဆိုပါတယ်။

ဒီသတင်းကို MCN သတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး အောင်ဆန်းဦးက တင်ဆက်ထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စားလင်းကြီးမြို့နယ်က စံပယ်တောင်နဲ့ ကြေးစင်တောင်မှာ ကြေးနီတူးဖော်ရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ၀မ်ပေါင်ကုမ္မဏီနဲ့ ယန်စီကုမ္မဏီက နေ့စားမြန်မာအလုပ် သမားတွေဟာ နိုင်ငံတော်က သတ်မှတ်ပေးထားတဲ့ အနိမ့်ဆုံးလုပ်ခလစာ ၃၆၀၀ ကျပ်တောင် မရရှိဘူးလို့ အလုပ်သမားတွေကပြောပါတယ်။
အဲဒီနေ့စားအလုပ်သမားတေဟာ အလုပ်အကိုင် အခြေတကျ ဖြစ်စေဖို့ မိမိတို့ရဲ့လုပ်ခလစာကို 1 ဒသမ 50 ရာခိုင်နှုန်း တိုးမြှင့်ပေးပြီး နေ့စားဝန်ထမ်းဘ၀မှ လခစားဝန်ထမ်းအဖြစ် ပြောင်းလည်းခန့်ထားပေးဖို့ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့က တောင်ဆိုခဲ့ကြပါတယ်။
ဒီတောင်းဆိုချက်တွေကို ကုမ္မဏီအနေနဲ့ အခုချိန်ထိ ဆောင်ရွက်ပေးမှု မရှိသေးတဲ့အတွက် ဆက်လက် တောင်းဆို သွားမယ်လို့ နေ့စားအလုပ်သမားတွေက ပြောပါတယ်။

အင်တာဗျူး ကိုချစ်လင်းဦး(မြန်မာဝမ်ပေါင် မိုင်းနင်းကော့ပါးလီမိတက်)
ဝမ်ပေါင်ကုမ္မဏီနဲ့ ယန်စီကုမ္မဏီမှာ အလုပ်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား အလုပ်သမားတွေရရှိတဲ့ လစာ နှုန်းထားနဲ့ နှိုင်းယှဉ်ပါက မြန်မာအလုပ်သမားတွေရရှိတဲ့ လစာနှုန်းထားဟာ လွန်စွာနည်းပါးနေတာလည်း ဖြစ်ပါတယ်။ အဲဒီအတွက် မိမိတို့တောင်းဆိုထားချက်တွေကို နိုင်ငံတော်အစိုးရအနေနဲ့ ကြားဝင်ဖြေရှင်းပေးဖို့ မြန်မာနေ့စားအလုပ်သမားတွေက မျော်လင့်နေကြတာပါ။

အင်တာဗျူး ဦးမြင့်စိုး(ဥက္ကဋ္ဌ) (လက်ပံတောင်းကြေးနီသတ္တုတွင်းအခြေခံအလုပ်သမားအဖွဲ့အစည်း)
ကြေးနီတူးဖော်ရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ ၀မ်ပေါင်ကုမ္မဏီ၊ ယန်စီကုမ္မဏီ၊ စီနိုဟိုက်ဒရိုကုမ္မဏီနဲ့ ပေပေါက်အောက်ရှင်းကုမ္မဏီတွေမှာ မြန်မာအလုပ်သမား ၃၀၀၀ ကျော်အလုပ်လုပ်ကိုင်နေကြပါတယ်။ အခုချိန်မှာတော့ ကုမ္မဏီတွေအနေနဲ့ မြန်မာအလုပ်သမားတွေကို လုပ်ခလစာ 0 ဒသမ 50 ရာခိုင်နှုန်းတိုးမြင့် ပေးထားတယ်လို့ သိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)