B channel စနစ်နဲ့ ရုံတင်တာဟာ စည်းမျဉ်းစည်းကမ်းတွေကို ဥက္ကဋ္ဌကိုယ်တိုင်ချိုးဖောက်တာလို့ ဒါရိုက်တာ ၀ိုင်း ပြောဆို

0
367

B channel စနစ်နဲ့ ပထမဆုံးအကြိမ်အဖြစ်ရုံတင်ပြသခဲ့တဲ့ ဖေ့စ်ဘုတ်ရွာရုပ်ရှင်ကားနဲ့ပတ်သက်ပြီး

စည်းမျဉ်းစည်ကမ်းတွေကို ရုပ်ရှင်အစည်းအရုံးဥက္ကဠ ကိုယ်တိုင်ချိုးဖောက်နေတယ်လို့ ဒါရိုက်တာ အကယ်ဒမီ ၀ိုင်း ကပြောဆိုလိုက်ပါတယ်။

B Channel စနစ်ဟာ ဆင်ဆာကျပြီးသားရုပ်ရှင်ဇာတ်ကားတွေလို ရုံတင်ရက်ကို တန်းစီစောင့်ဆိုင်းပြီး မြို့လယ် ရုပ်ရှင်ရုံကြီးတွေမှာ ပြသတာမဟုတ်ဘဲ ဇာတ်ကားဆင်ဆာကျပြီးတာနဲ့ Junction Square ရုံတွေ၊ န၀ဒေးရုပ်ရှင်ရုံတွေမှာ တစ်ခါတည်း ပြသခွင့်ရရှိတာဖြစ်ပါတယ်။
B channel စနစ်နဲ့ ရုံတင်ပြသခြင်းဟာ ပုံမှန်ပြသနေတဲ့ရုပ်ရှင်ရုံတွေရဲ့ ၀င်ငွေတွေကိုထိခိုက်တာတွေ၊ ရက်တိုအတွင်း ရုပ်ရှင်ဇာတ်ကားရိုက်ကူးပြီး ပြသတာတွေဖြစ်ပေါ်လာနိုင်တဲ့အတွက် အရေအတွက်သာများပြီး အရည်အသွေးကိုယုံလို့မရနိုင်ဘူးလို့ သူကပြောပါတယ်။
B channel စနစ်နဲ့ ပထမဆုံးရုံတင်ပြသခဲ့တဲ့ ဖေ့စ်ဘုတ်ရွာ ဇာတ်ကားကို ဒါရိုက်တာရာဇ၀င်ကို က ရိုက်ကူးခဲ့တာဖြစ်ပြီး အကယ်ဒမီကျော်ရဲအောင်၊ အကယ်ဒမီလူမင်း၊ ခိုင်သင်းကြည်၊ ယုသန္တာတင်၊ ဆုအိမ့်စံနဲ့ အခြားဟာသသရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)