ပြည်တွင်း ပြည်ပ ခရီးသွားတွေ လိုက်နာသင့်တဲ့ အချက်တွေကို ဗီနိုင်းတွေထုတ်ပြီး တစ်နိုင်ငံလုံးက ခရီးသွား ၀င်ရောက်မှုအများဆုံး နေရာတွေမှာ ကပ်သွားရန်ရှိ

0
333

ပြည်တွင်း ပြည်ပ ခရီးသွား တွေ လိုက်နာသင့်တဲ့ အချက်တွေကို ဗီနိုင်းတွေထုတ်ပြီး တစ်နိုင်ငံလုံးက ခရီးသွား ၀င်ရောက်မှုအများဆုံး နေရာတွေမှာ ကပ်သွားဖို့ ရှိနေတာပါ။

ဒီသတင်းအပြည့်အစုံကိုတော့ MCN သတင်းထောက် နေမင်းခ ကပေးပို့ထားပါတယ်။

ပြည်တွင်း ပြည်ပ ခရီးသွား တွေ လိုက်နာသင့်တဲ့ အချက်အလတ်တွေကို ဗီနိုင်း နဲ့ တစ်နိုင်ငံလုံးအတိုင်းအတာ ကပ်နှံသွားဖို့အတွက် ပြည်တွင်းမှာရှိတဲ့ အသင်းအဖွဲ့ သုံးဖွဲ့က ပူးပေါင်း လုပ်ဆောင် သွားမယ်လို့ ဇူလိုင်လ ၁၆ ရက်နေ့ မြန်မာနိုင်ငံ ကုန်သည်ကြီးများ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။
ခရီးသွားလုပ်ငန်းဆိုင်ရာနေရာတွေမှာ လိုအပ်ချက်ပေါ့ ခရီးသွားမှာလာပြီး လှည့်လည်ခရီးသွားနေတဲ့ ခရီးသွားတွေ Do and Don’t ပေါ့ မလုပ်သင့်တဲ့အမူအရာတွေမှာ အဓိကကတော့ Don’t ကိုပဲ ဦးစားပေးပါတယ်။ ပုံသဏာန်လေးပေါ်လွင်အောင်ပြုလုပ်ပြီးတော့ မြန်မာပြည်တစ်ဝှမ်းကို ဖြန့်ချိသွားမှာဖြစ်ပါတယ်။ ခရီးသွားရာသီက မကြာခင်ကျရောက်တော့မှာဖြစ်ပါတယ်။ ခရီးသွားရာသီ မကျရောက်ခင်အချိန်အတွင်းမှာပေါ့ လိုအပ်ချက်တွေအများကြီးထဲကနေပြီးတော့ တစ်ခုကို အစ်မတို့ အသင်းအနေနဲ့ ဖြည့်စည်း ပေးတဲ့သဘောပါ။ အစ်မတို့တက်နိုင်တဲ့ဘက်ကနေပြီးတော့ ပြည်သူအစိုးရကို ပါဝင်ပေးတဲ့သဘောပါ”လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်သတိုးသူဇာအောင်က ပြောပါတယ်။

အဲ့ဒီလို လုပ်ဆောင်မဲ့ အသင်းအဖွဲ့သုံးခု မှာ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ၊ မြန်မာနိုင်ငံ ဧည့်လမ်းညွန်များအသင်း နဲ့ ပြည်တွင်းဘုရားဖူး နှင့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်း ရှင်များအသင်း တို့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

‘ဒီဗွီနိုင်းတွေက ဒီနေ့ကတော့ ဒီမှာ road show သဘောမျိုး ပြထားတာပါ။ ဒါတွေကို ကျွန်တော်တို့ နယ်တွေကို ဖြန့်မှာပါ။ နယ်တွေဆိုတာ ပုဂံ၊ မန္တလေး၊ အင်းလေး ဒီဧည့်သည်များတဲ့နေရာတွေ နောက်ပြီးတော့ ဒီခရီးသွားလာမှုအများဆုံးဝင်ရောက်နိုင်တဲ့နေရာတွေ ပြည်တွင်းကော ပြည်ပကော ပေါ့လေ။ ဘာလို့လဲဆိုတော့ ဒီအထဲမှာ ရေးထားတဲ့ အမူအရာပြ အရုပ် ပြည်တွင်းအတွက်တင်မဟုတ်ဘူး ပြည်ပအတွက် လည်းပါပါတယ်။ ဒီလိုမျိုးပေါ့ ဘုရားရုပ်ထုပေါ်မှာ မသင့်တော်တဲ့ဟာတွေကို မလုပ်ရဘူးလို့ ဒါမျိုးလေးတွေပါ။ နေရာတိုင်းကို ကျွန်တော်တို့ဖြန့်ပေးသွားမှာပါ” မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း ဥက္ကဋ္ဌ ဦးအောင်ထွန်းလင်းက ပြောပါတယ်။

ပြည်ပခရီးသွားတွေအနေ နဲ့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု နယ်မြေတွေမှာ မပြုလုပ်သင့်တဲ့ အရာတွေကို ပြုလုပ်မှုတွေ ရှိနေတဲ့အတွက် အခုလို အမှုအရာပြ အရုပ်တွေ ရေးဆွဲ ပြီးတားမြစ်ဖို့ စီစဉ်ခဲ့တာဖြစ်ပြီး ပြည်တွင်း ခရီးသွားတွေ အနေနဲ့လည်း စည်းကမ်းမဲ့ အမှိုက်ပစ်မှု တွေ လျော့ကျသွားမယ်လို့ ယုံကြည်နေတာပဲဖြစ်ပါတယ်ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)