ပြည်မြို့ကို ပိုးသတ်သန့်စင်ထားတဲ့ သောက်သုံးရေတွေ ပြောင်းလဲပေးဝေနိုင်ရန် စီစဉ်

0
379

ပြည်မြို့ကို ပိုးသတ်သန့်စင်ထားတဲ့ သောက်သုံးရေတွေ ပြောင်းလဲပေးဝေနိုင်ဖို စီစဉ်နေပါတယ်။
ဒီသတင်းကို MCNသတင်းထောက်မောင်ပန်ကာ မှရိုက်ကူးပေးပို့ထားပြီ MCN သတင်းထောက် ကေဇွန်နွေးက တင်ဆက်ပေးထားပါတယ်။

ပဲခူးတိုင်းဒေသကြီးအတွင်းက ပြည်မြို့ကို ပိုးသတ်သန့်စင်ထားတဲ့ သောက်သုံးရေတွေအဖြစ် ပြောင်းလဲ ပေးဝေဖို့ လုပ်ဆောင်နေပါတယ်။ ပြည်မြို့မှာ လက်ရှိသုံးစွဲနေတဲ့ ရေစစ်ကန်ကြီးတွေဟာ အင်္ဂလိပ်ခေတ်တုန်း တည်ဆောက်ခဲ့တာဖြစ်ပြီး ဧရာဝတီမြစ်အတွင်းက မြစ်ရေတွေကို ရေစစ်ကန်တွေထဲမှာ သိုလှောင်ကာ ပြည်မြို့အတွင်းကို ပေးဝေခဲ့တာပါ။ လူဦးရေတိုးပွားလာမှုနဲ့ ရေစစ်ကန်တွေ နှစ်ကြာမြင့်လာတာကြောင့် နေ့စဉ်သောက်သုံးရေအတွက် အခုလို ပိုးသတ်သန့်စင်ထားတဲ့ ရေသန့်တွေပြောင်းလဲပေးနိုင်ဖို့ ပြုလုပ်နေတာပါ။

“ဒီပြည်မြို့က မြို့ခံလူထုတွေကတော့ ဒီမှာ အခုလက်ရှိပေးနေတဲ့ရေထက်ကို ရေကြည်ရေသန့်ကိုစိတ်ချမ်းချမ်းသာသာ နဲ့ ကောင်းကောင်းမွန်မွန် လုပ်နိုင်တဲ့အခြေအနေထိ ဖြစ်လာအောင် ရောဂါဘယကင်းရှင်းတဲ့ တကယ်ကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ရေ အဲ့လောက်ထိကို ပြည်သူလူထုတွေသုံးစွဲနိုင် အောင်ပေါ့”လို့ WEG ကုမ္ပဏီမှ ပရောဂျက် အင်ဂျင်နီယာ ဝေဖြိုးအောင်က ပြောပါတယ်။
ဒီစီမံကိန်းကို ဇွန်လကတည်းက စတင်လုပ်ဆောင်နေပြီ ၂၀၁၇ခုနှစ်မှာ ပြည်မြို့အတွင်းကို ရေသန့်တွေ ပြောင်းလဲပေးဝေးသွားနိုင်မှာဖြစ်ပါတယ်။ ဒီစီမံကိန်းကို JICA က ချေးငွေကျပ် ၈၄၆.၉၉ သန်းချေးယူလုပ်ကိုင်နေ တာဖြစ်ပါတယ်။ မြစ်ရေတင်ဖို့နဲ့ ပိုးသတ်သန့်စင်ဖို့အတွက်သာ ငွေလုံလောက်ပြီး မြို့တွင်းရေဖြန့်ဝေဖို့ ရေပိုက်လိုင်းတွေအတွက် ချေးငွေမရရှိသေးပါဘူး။
အင်တာဗျူး- ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့-အမှုဆောင်အရာရှိ-သူရဦးမြင့်သူ-
“ဦးတို့ နှစ်၁၀၀လောက်ရှိတဲ့ရေပိုက်တွေ ပြုပြင်ဖို့ ကျန်နေပါတယ်။ ကျန်နေတော့ ပြီးခဲ့တဲ့အပတ်က WEG နဲ့တွေ့တဲ့ အစည်းအဝေးမှာ ရေတာဝန်ခံ AE သွားတက်ပြီးတော့ ဒါကိုတင်ပြတောင်းဆိုပါတယ်။ တောင်းဆိုတဲ့ အချိန်မှာ ဒီဂျပန်ဂျက်ကာအဖွဲ့နဲ့တင်ပြတောင်းဆိုတဲ့အချိန်မှာ တစ်နိုင်ငံလုံး ရေပေးအတွက်ချေးမယ့် ငွေပေါ့ အဲ့ဒီငွေထဲကနေပြီးတော့ ပထမအကြိမ် တင်ပြခဲ့တဲ့ ဒီဆယ်စုရပ်ကွက် အိမ်ခြေ ၃၀၊ ၄၀ လောက် ရေမရတဲ့ဟာ ကို သီးခြားပေ ၃၁၀၀လောက် သွယ်ရမယ့်ဟာကို ရေပိုက်သွယ်ဖို့တို့ ဒီမြို့ထဲမှာလည်း မဖြစ်မနေ ပေါက်ပြဲနေတဲ့ ဟာတွေ လဲလှယ်တပ်ဆင်ဖို့ ပထမအဆင့်အနေနဲ့ တင်ပြခဲ့တဲ့ သိန်း ၁၂၀၀ လောက်ကတော့ ဒါချေးပေးမယ်လို့ နှုတ်အားဖြင့် ကတိရရှိထားပါတယ်” လို့ ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ သူရဦးမြင့်သူက ပြောပါတယ်။
ပြည်မြို့မှာ နေ့စဉ် မနက် ၆ နာရီက ညနေ ၆နာရီအတွင်း အရှည်ပေ ၁၃၀၀၀၀ နီးပါးရှိတဲ့ ရေပိုက်က ရေဂါလံပေါင်း ၂ သန်းနီးပါး ပေးဝေနေပါတယ်ရှင်

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)