နောက်ထပ် ဇာတ်ကားရိုက်ကူးမှုတွေပြုလုပ်တော့မှာမဟုတ်တဲ့ မိတ်ကပ်ပညာရှင် ခင်စန်းဝင်း

0
342

မိတ်ကပ် ပညာရှင်ခင်စန်းဝင်းက ဒုတိယမြောက် ဗီဒီယိုဇာတ်ကားရိုက်ကူးပြီးပါက ရုပ်ရှင်ဗီဒီယို ဇာတ်ကားရိုက်ကူးတာတွေ ပြုလုပ်တော့မှာမဟုတ်ဘူးလို့ပြောဆိုလိုက်ပါတယ်။

ဒီသတင်းကိုMCNသတင်း ထောက် ကေဇွန်နွေးကပေးပို့ထားပါတယ်။

khin san win

မိတ်ကပ်ပညာရှင်ခင်စန်းဝင်းက ဒုတိယမြောက်ဗီဒီယိုဇာတ်ကားရိုက်ကူးပြီးပါက ဇာတ်ကားရိုက်ကူးမှု တွေကို ပြုလုပ်တော့မှာမဟုတ်ဘူးလို့ MCN သတင်းဌာနနဲ့ သီးသန့်တွေ့ဆုံချိန်မှာခုလိုပြောဆိုလိုက်တာပါ။

မိတ်ကပ်ပညာရှင်ခင်စန်းဝင်းဟာ လက်ရှိအချိန်မှာ “မကြီးစန်းနှင့် သူ၏ချစ်သူများ” ဇာတ်ကားကို ဒါရိုက်တာ မြတ်ခိုင်နဲ့ ရိုက်ကူးနေတာပါ။ သူဟာ ဒီဇာတ်ကားကိုပထမဆုံး ရိုက်ကူးနေတာဖြစ်ပြီး ခေါင်းဆောင်မင်းသမီး အဖြစ် ပထမဆုံးပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

“မကြီးကတော့ အမှန်အတိုင်းပြောရရင်တော့ လုပ်ဖို့စိတ်ကူးမရှိဘူး။ လုပ်ဖို့စိတ်ကူးမရှိဘူးဆိုတာက ဒီဇာတ်လမ်း ကအမှန်အတိုင်းပြောရရင် မကြီးအရမ်းကြောက်ရတဲ့ ဆရာသမားမို့လို့ ရိုက်ရတာပေါ့။ စိန်ဌေးဗွီဒီယိုကတော့ နဂိုကတည်းက ဒီဇာတ်လမ်းက နင်နဲ့ရိုက်မှဖြစ်မှာ နင်ကူညီပေးပါဆိုပြီး အကူအညီတောင်းထားလို့ ရိုက်ပေးမယ်လို့ ကတိပေးထားတဲ့ဇာတ်လမ်းဖြစ်တဲ့အတွက် ရိုက်ပေးတာပေါ့။ ကိုယ်ပေးထားတဲ့ကတိအတွက်ရိုက်ပေးရမယ့် ဇာတ်လမ်း အခုပထမဆုံးရိုက်ဖြစ်သွားတဲ့ ဇာတ်လမ်းက ကိုယ့်ဆရာ သမားကိုကြောက်လို့ လုပ်ရတဲ့ဇာတ်လမ်းဆိုတော့ ဒီနှစ်ခုကတော့ မကြီးငြင်းလို့မရတဲ့အရာတွေ ပေါ့။ နောက်ထပ်ဆိုရင်တော့မကြီးငြင်းမှာပါ။ ဘာလို့လဲဆိုတော့ ဘာကြောင့်လဲဆိုတော့ မကြီးအဲ့လောက်ထိ ကိုယ့်ကိုယ်ကိုယ်ပေါ့ ဒီရုပ်ရှင်အလုပ်ဆိုတာ စိတ်ကျဉ်းကြပ်တယ်လေ။ ကိုယ့်ဘ၀ကြီးတစ်ခုလုံးကို ဒီ ကားရိုက်တဲ့အချိန်ထဲကို ပေးထားရတာလေ မကြီးက သိပ်ပြီးတော့ မလွတ်လပ်ဘူးလေ။ ကိုယ့် customer တွေရှိတယ်။ ကိုယ်လက်ခံထားတဲ့အလုပ်တွေရှိတယ်။ နောက်မကြီးသင်တန်းရှိတော့ သင်တန်းသင်ဖို့ အချိန်တွေရှိတယ်” လို့ မိတ်ကပ်ပညာရှင် ခင်စန်းဝင်းက ပြောပါတယ်။
မိတ်ကပ်ခင်စန်းဝင်းဟာ တက်သစ်စမင်းသားတစ်ဦးနဲ့ လူမှုရေးကိစ္စတွေ ဖြစ်ပေါ်ခဲ့ပြီး လူမှုကွန်ရက်တွေပေါ်မှာ လူအများစိတ်ဝင်စားမှုကို ခံခဲ့ရပါတယ်။ အခုလို ဇာတ်ကားရိုက်ကူးခွင့်ရရှိတာဟာ အခွင့်အရေးတစ်ခုပေမယ့် ရုပ်ရှင်သရုပ်ဆောင်အဖြစ် ဆက်လက်လုပ်ကိုင်ဖို့ အစီအစဉ် မရှိဘူး”လို့ မိတ်ကပ်ခင်စန်းဝင်းက ပြောပါတယ်။

“ခံစားချက်နဲ့တိုက်ဆိုင်တာတော့ မဟုတ်ပါဘူး။ ဒီလိုပေါ့လေ ဇာတ်ညွှန်းရေးဆရာရေးထားတဲ့ ဇာတ်လမ်းကို ဒါရိုက်တာက သူလိုချင်တာကို ဒီလိုမကြီးကိုလုပ်ခိုင်းတာပေါ့လေ။ လုပ်ခိုင်းတဲ့အခါ ငိုခိုင်းတဲ့အခါတွေရှိတာပေါ့။ ငိုတဲ့အခန်းတွေပေါ့။ ကောင်လေးကိုလွမ်းနေရတဲ့အချိန်၊ လွမ်းနေရတဲ့အခန်းတွေပေါ့။ အဲ့လိုမျိုး ပူဆွေးနေရတဲ့ အချိန်တွေရှိတာပေါ့။ အဲ့ဒါမျိုးလေးတွေကို သူဘယ်လိုလိုချင်တယ်ပေါ့။ မျက်လုံးကိုဘယ်လိုလိုချင်တယ်ပေါ့ မျက်ရည်ကို ဘယ်လိုကျချင်တယ်ပေါ့” လို့ မိတ်ကပ်ပညာရှင် ခင်စန်းဝင်းကပြောပါတယ်။
အခုလက်ရှိရိုက်ကူးနေတဲ့ ဇာတ်ကားဟာ ရုပ်ရှင်ပရိသတ်တွေပြောဆိုနေသလို မိတ်ကပ်ပညာရှင်ခင်စန်းဝင်းရဲ့ နှလုံးသားရေးရာတွေ ရိုက်ကူးထားတာ မဟုတ်ပါဘူး”လို့ သူကပြောပါတယ်။
“မကြီးစန်းနှင့် သူ၏ချစ်သူများ” ဇာတ်ကားဟာ မိတ်ကပ်ခင်စန်းဝင်းအတွက် ပထမဆုံးဇာတ်ကားဖြစ်သလို မြန်မာနိုင်ငံရုပ်ရှင်သမိုင်းမှာလည်း မိန်းမလျာတစ်ဦးအဖြစ်ဝင်ခံထားသူတစ်ဦးကို ပထမဆုံး ခေါင်းဆောင်တင် ရိုက်ကူးထားတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)