မြန်မာအလုပ်သမား ခေါ်ယူမှုစနစ် ထိုင်းအလုပ်သမား ၀န်ကြီးဌာန ညွှန်ကြားရေးမှူး လေ့လာ

0
359

ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးဆိုင်ရာကွန်ရက် (Migrant Worker Right Network) MWRN နဲ့ ထိုင်းယူနီယံကုမ္ပဏီ တို့ ပူးပေါင်းလုပ်ဆောင်နေတဲ့ MoU အလုပ်သမားခေါ်ယူမှုစနစ်ကို ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ်နဲ့အဖွဲ့ဟာ ဇွန်လ ၁၄ ရက်နေ့ မနက်ပိုင်းက သွားရောက်လေ့လာခဲ့ပါတယ်။

လက်ရှိထိုင်းနိုင်ငံ ကနေ အလုပ်သမားခေါ်ယူမှုပုံစံတွေထဲမှာ စံပြစနစ်တစ်ခုဖြစ်လာနိုင်တဲ့ အဲဒီ MoU စနစ်ဟာ ကုန်ကျစရိတ်အသက်သာဆုံးနဲ့ လုံခြုံစိတ်အချရဆုံး အလုပ်သမား ခေါ်ယူမှုပုံစံအဖြစ်ရှိနေတာပါ။

ဒီစနစ်မှာ မြန်မာဘက်က မြန်မာငွေ ၆၇၅၀၀ နဲ့ ထိုင်းဘက်က ဘတ် ၂၉၀၀ သာ ကုန်ကျမယ့်စနစ်ဖြစ်တာကြောင့် ထိုင်းနိုင်ငံကို မထွက်ခွာခင်မှာ သိမှတ်ဖွယ်ရာတွေ အကြိုသင်တန်းပေးမှာဖြစ်သလို၊ သတ်မှတ်ထားတဲ့ နှုန်းထားထက် ပိုမို ပေးဆောင်တာမျိုးမရှိဖို့ စစ်ဆေးတာတွေလည်း ပါဝင်မှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)