ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းနိုင်ရေး ရန်ကုန်တိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကွင်းဆင်း ကြည့်ရှု

0
371

ရန်ကုန်-သန်လျင် တံတားမှာ နေ့စဉ်ယာဉ်ကြော ပိတ်ဆို့မူကို ဖြေရှင်းနိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါ်နီလာကျော်နဲ့ တာဝန်ရှိသူတွေဟာ ဒီကနေ့ ဇွန်လ ၁၅ ရက်နေ့က သန်လျှင်မြို့မှာ ဆွေးနွေးခဲ့ကြပါတယ်။

သန်လျှင်တံတားပေါ်ကို ဖြတ်သန်းနေတဲ့ ကားတွေရဲ့ တန်ပိုသတ်မှတ်ချက်တွေ လမ်းတံတားကြေး ကောက်ခံမူတွေနဲ့ လမ်းပိုင်းဆိုင်ရာတွေကို ပြုပြင်ပြောင်းလဲဖို့ တာဝန်ရှိသူတွေက တင်ပြခဲ့ကြပြီး ယာဉ်လမ်းကြော ပိတ်ဆိုတာတွေကို လျှော့ချနိုင်အောင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲနဲ့ ညှိနှိုင်းအကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။ ရုံးတက် ရုံးဆင်းချိန်တွေမှာ သံလျှင်တံတား ယဉ်ကြောပိတ်ဆို့မှုဟာ အချိန် ၁ နာရီခန့် ကြာမြင်နေတာကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ အလုပ်ဝင်ချိန်၊ ရုံးတက်ချိန်တွေ နောက်ကျတာ စတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။

Photo:TP

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)