အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီ ဖွဲ့စည်း

0
337

အရွယ်မရောက်သေးသူကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီကို နိုင်ငံတော်သမ္မတက ဖွဲ့စည်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့ ရက်စွဲနဲ့ နိုင်ငံတော် သမ္မတက ဖွဲ့စည်းလိုက်တဲ့ အဲ့ဒီကော်မတီကို ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းအပါအ၀င် အဖွဲ့ဝင် ၁၂ ဦးနဲ့ ဖွဲ့စည်းထားတာပါ။

အဲ့ဒီကော်မတီအနေနဲ့ နိုင်ငံတကာအဖွဲ့အစည်း တွေနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့အပြင် ကလေးသူငယ်စောင့်ရှောက်ရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး ကော်မတီရဲ့ လုပ်ဆောင်နေမှုတွေကို Media တွေမှာ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ဆောင်ရွက်ဖို့ကိုလည်း နိုင်ငံတော်သမ္မတက အမိန့်စာထဲမှာ ညွှန်ကြားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)