ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်ခြံစည်းရိုး ကာရံဖို့ ကျပ်သန်းပေါင်း နှစ်သိန်းနီးပါး အသုံးပြုလုပ်ဆောင် သွားမယ်

0
353

မြန်မာ – ဘင်္ဂလားဒေ့ရှ် ခြံစည်းရိုးကာရံဖို့အတွက် နိုင်ငံတော်အနေနဲ့ ကျပ်ငွေ သန်းပေါင်း ၁  သိန်း ၇ သောင်းနီးပါး အသုံးပြုဆောင်ရွက်သွားမယ်လို့ အစိုးရ တရားဝင် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဇွန်လ ၁၆ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ခြံစည်းရိုးကာရံဖို့အတွက် အသေးစိတ်အသုံးစရိတ်စာရင်းတွေကို ဖော်ပြပြီး ပြောကြားလိုက်တာဖြစ်ပါတယ်။ အဲ့ဒီအသုံးစရိတ်စာရင်းတွေအရ မူလခန့်မှန်း ကုန်ကျငွေ ကျပ်ငွေသန်းပေါင်း ၈ သောင်း ၆ ထောင်ကျော်ရှိနေတာကို ထပ်မံပြီး ကျပ်သန်းပေါင်း ၈ သောင်း ၂ ထောင်ကျော် ဖြည့်စွက်ကာ အစိုးရအဖွဲ့က ထပ်မံခွင့်ပြုလိုက်တာပါ။ မြန်မာ – ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာ-အိန္ဒိယ ခြံစည်းရိုး ကာရံရေး စီမံကိန်းတွေကို မြန်မာနိုင်ငံအနေနဲ့ ၂၀၀၉ ခုနှစ်က စတင်ဆောင်ရွက်နေတာဖြစ်ပြီး လာမယ့် ၂၀၁၇ ခုနှစ်မှာ အပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)