ကိုယ်ကျင့်တရား ကောင်းမွန်သူတွေနဲ့ ဖွဲ့စည်းမှသာ ပါတီအနိုင်ရမယ်လို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန် ပြော

0
355

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တွေကို ပြည်သူတွေ လေးစားယုံကြည်ရတဲ့ ပါတီဝင်တွေဖြစ်အောင် ကြိုးစားကြဖို့ ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။ ဇွန်လ (၁၄) ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ပြည်ခိုင်ဖြိုးပါတီရုံးခန်းမမှာ တိုင်း ဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်၊ ပါတီဝင်တွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်တာပါ။

ဒါ့အပြင် ပါတီရဲ့ မူဝါဒလမ်းစဉ်အပေါ်မှာ နှစ်နှစ်ကာကာ ယုံကြည်သူ၊ ကိုယ်ကျင့် တရားကောင်းမွန်ပြီး ပါတီရဲ့ စည်းကမ်းကို လိုက်နာသူ၊ ကိုယ့်ဒေသအကျိုးကို အမှန်တကယ် သယ်ပိုး ဆောင်ရွက်လိုသူ၊ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ပါတီရဲ့ ကျရာတာဝန်ကို ထမ်းဆောင်လိုသူတွေ၊ စိတ်ဓာတ်ရှိသူတွေနဲ့ ဖွဲ့စည်းဆောင်ရွက်မှသာ ပါတီ အနိုင်ရမှာ ဖြစ်တယ်လို့လည်း ပြောကြားသွားတာဖြစ်ပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်ဟောင်း ဦးသိန်းအောင် အပါအ၀င် ပြည်ထောင်စုဝန်ကြီးဟောင်းတွေနဲ့ ပါတီဝင် (၅၀၀) နီးပါး တက်ရောက်ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)