တောင်တရုတ်ပင်လယ်တွင်းနိုင်ငံတွေနဲ့ သက်ဆိုင်တဲ့ ကျင့်ထုံးတစ်ရပ် ပေါ်ပေါက်ရေး တရုတ်နဲ့ အာဆီယံနိုင်ငံခြားရေး ၀န်ကြီးတွေ ဆွေးနွေး

0
386

တောင်တရုတ်ပင်လယ်တွင်းနိုင်ငံတွေ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြေညာချက် အပြည့်အဝ ထိရောက်စွာ အကောင်အထည်ဖော်ရေး တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေ ဆွေးနွေးခဲ့ကြပါတယ်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယူရှီးမြို့မှာ ဇွန်လ ၁၃ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ နှစ်ရက်ကြာကျင်းပပြုလုပ်တဲ့ အာဆီယံ-တရုတ်နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတာပါ။

အဲ့ဒီဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား ဒုတိယဝန်ကြီး ဦးကျော်တင်တက်ရောက်ခဲ့ပြီး  တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ထုံးတစ်ရပ် ဆောလျင်စွာ အပြီးသတ်ရေး ပါဝင်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)