ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ သံအမတ်တွေကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

0
293

ပြည်ပကို နည်းအမျိုးမျိုးနဲ့ ရောက်ရှိနေကြတဲ့ နိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က အာရှဒေသက သံအမတ်ကြီးတွေကို တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ဇွန်လ ၁၄ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အာရှဒေသရှိ နိုင်ငံတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ မြန်မာအသံအမတ်ကြီး (၁၈) ဦးနဲ့တွေ့ဆုံစဉ် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်တာပါ။

ဒါ့အပြင် ပြည်ပရှိ နိုင်ငံသားတွေရဲ့ အကျိုးကို မြန်မာသံရုံးတွေ၊ သံရုံးဝန်ထမ်းတွေက ကာကွယ်စောင့်ရှောက်ပေးခြင်းနဲ့ နိုင်ငံ့ရဲ့ဂုဏ်ကို စောင့်ထိန်းကြဖို့ကိုလည်း တိုက်တွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာခင်မှာလည်း ဥရောပနိုင်ငံတွေမှာ တာဝန်ထမ်း ဆောင်နေကြတဲ့ မြန်မာသံအမတ်ကြီးတွေနဲ့လည်း တွေ့ဆုံဖို့ ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)