၂၁ ရာစု ပင်လုံညီလာခံကို အဓိပ္ပါယ်မဲ့စေတဲ့ စစ်ရာဇ၀တ်မှုတွေကို မြန်မာ့တပ်မတော်က လုပ်ဆောင်နေတယ်လို့ WLB ပြောဆို

0
309

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဦးဆောင် အကောင်အထည်ဖော်နေတဲ့ ၂၁ ရာစု ပင်လုံညီလာခံကို အဓိပ္ပါယ်မဲ့စေတဲ့ စစ်ရာဇ၀တ်မှုတွေကို မြန်မာ့တပ်မတော်က ဆက်လက် လုပ်ဆောင်နေတယ်လို့ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

 

13442370_1322290111132710_1406756505850048411_n

ဇွန်လ ၁၆ ရက်နေ့ ရက်စွဲနဲ့ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ကြေညာချက် တစ်စောင် ထုတ်ပြန်ပြီး အဲ့ဒီလို ပြောကြားလိုက်တာပါ။ အဲ့ဒီကြေညာချက်ထဲမှာတော့ ပြီးခဲ့တဲ့ ဇန်န၀ါရီလက စတင်ကာ အစိုးရသစ်လက်ထက် မြန်မာ့တပ်မတော်က တိုင်းရင်းသားဒေသတွေမှာ ကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ်မှုဆိုင်ရာ အချက်အလက်တွေကို ထည့်သွင်းဖော်ပြထားပါတယ်။

ဒါ့အပြင် အစိုးရသစ်အနေနဲ့ တိုင်းရင်းသားဒေသတွေမှာ တပ်မတော်က ထိုးစစ်ဆင်နေမှုတွေရပ်တန့်ဖို့၊ တပ်ရင်းတိုးချဲ့နေမှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်နေမှုတွေကို ချက်ချင်း ရပ်တန့်အောင် ဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)