ဖုန်းခွန်က ရရှိတဲ့ ကျပ်သန်း ၇၅၀၀ ကို ပညာရေးကဏ္ဍမှာ စတင်သုံးစွဲနေ

0
344

တယ်လီဖုန်း ခေါ်ဆိုခတွေက ကောက်ခံရရှိတဲ့ ကုန်သွယ်လုပ်ငန်းခွန် ၅ % ဖြစ်တဲ့ ကျပ်ငွေ သန်း ၇၅၀၀ ကို ကနဦးအနေနဲ့ ပညာရေးကဏ္ဍမှာ စတင်သုံးစွဲနေတယ်လို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောကြားလိုက်ပါတယ်။ ဇွန်လ ၁၅ ရက်နေ့က နေပြည်တော်ရှိ သမ္မတ အိမ်တော်မှာ ကျင်းပပြုလုပ်တဲ့ အစိုးရ အဖွဲ့သစ်ရဲ့ ဘဏ္ဍာရေးကော်မရှင် ပထမဆုံးအစည်းအဝေးမှာ နိုင်ငံတော်သမ္မတက အဲ့ဒီလို ပြောကြား လိုက်တာပါ။ ဒါကြောင့် အစိုးရသစ်အနေနဲ့ ကျပ်ငွေ  ၇ ဒသမ ၅ ဘီလီယံကို ပညာရေးဝန်ကြီးဌာနရဲ့ အသုံးစရိတ်ထဲမှာ တိုးမြှင့်လျာထား အသုံးပြုပေးသွားဖို့ရှိနေတာပါ။

လက်ရှိအခြေအနေမှာတော့ ၂၀၁၆-၂၀၁၇ ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်နေပြီး ပြည်ထောင်စုလွှတ်တော် က အတည်ပြုပြဋ္ဌာန်းပြီးရင်တော့ အများပြည်သူတွေ အလွယ်တကူသိရှိနိုင်ဖို့ Citizen’s Budget စာစောင်ကို ထုတ်ဝေပေးသွားဖို့ကိုလည်း အဲ့ဒီအစည်းအဝေးမှာပဲ နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)