ပြင်သစ်မှာ ပြုလုပ်တဲ့ စစ်လက်နက်ပစ္စည်းပြပွဲကို ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သွားရောက် လေ့လာနေ

0
294

ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပပြုလုပ်နေတဲ့ အပြည်ပြည်ဆိုင်ရာကာကွယ်ရေး၊ မြေပြင်နှင့် ဝေဟင် လုံခြုံရေးဆိုင်ရာပြပွဲ Eurosatory 2016 ကို မြန်မာ့ တပ်မတော် ဒုတိယကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ကြည့်ရှုလေ့လာနေပါတယ်။

myawady daily newspaper 16-6-2016 01b

အဲ့ဒီပြပွဲထဲက Nexter Group ကုမ္ပဏီပြခန်း၊ CNIM Group ကုမ္ပဏီပြခန်း၊ DCI Group ကုမ္ပဏီ ပြခန်းနဲ့ Air Bus ကုမ္ပဏီပြခန်းတွေကို လိုက်လံလေ့လာခဲ့တာပါ။ ဒီပြပွဲဟာ ကမ္ဘာ့အကြီးကျယ်ဆုံး ကာကွယ်ရေးဆိုင်ရာ စစ်လက်နက် ပစ္စည်းပြပွဲတစ်ခုဖြစ်ပြီး မြန်မာ့တပ်မတော်အနေနဲ့ ဥရောပတိုက်က လက်နက်ပြပွဲတွေထဲက ပထမဆုံးအကြိမ်အနေနဲ့ တရားဝင် သွားရောက်လေ့လာနေတာဖြစ်ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)