တရုတ်နိုင်ငံ ပြည်တွင်းလုံခြုံရေး ၀န်ကြီးဟောင်းရဲ့ သားဖြစ်သူကို အကျင့်ပျက်ခြစားမှုနဲ့ ထောင်ဒဏ် ၁၈ နှစ်ချမှတ်

0
284

တရုတ် ပြည်တွင်းလုံခြုံရေး ၀န်ကြီးဟောင်းဖြစ်သူ ဇူယောင်ကန်ရဲ့ သားဖြစ်သူကို တရုတ်နိုင်ငံတရားရုံးက အကျင့်ပျက်ခြစားမှုနဲ့ ဇွန်လ ၁၅ ရက် မနေ့က ထောင်ဒဏ် ၁၈ နှစ်ချမှတ်လိုက်ပါတယ်။

ဇူရဲ့သားဖြစ်သူ ဇူဘင်ကို စွမ်းအင်ကဏ္ဍမှာ စီးပွားရေး အကျိုးအမြတ်အတွက် လာဘ်ပေးပြီး တရားမ၀င် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခဲ့တယ်ဆိုပြီး ထောင်ဒဏ် ချမှတ်လိုက်တာဖြစ်တယ်လို့ CCTV သတင်းဌာနက ဖော်ပြထားတာပါ။

ဒါ့အပြင် ဖခင်ဖြစ်သူ ၀န်ကြီးဟောင်း ဇူရဲ့ဇနီးဖြစ်သူ ရုပ်သံသတင်းထောက်ဟောင်း Jia Xiaoye ကိုလည်း အကျင့်ပျက်ခြစားမှုနဲ့ ထောင်ဒဏ် ၉ နှစ်ချမှတ်လိုက်ပါတယ်။ ဇူဘင်ကို ၂၀၁၃ ခုနှစ်က ဖမ်းမိန့်ထုတ်ခဲ့ပြီး ဖမ်းဆီးတာကို ရှောင်တိမ်းဖို့ အမေရိကန်ပြည်ထောင်စုကို ထွက်ပြေးသွားခဲ့တယ်လို့ ရိုက်တာသတင်းဌာနကို ၂၀၁၄ ခုနှစ်က ဖြေကြားခဲ့ဖူးပါတယ်။

သူဟာ တရုတ်နိုင်ငံ အာဏာပိုင်တွေနဲ့ စေ့စပ်ညှိနှိုင်းပြီးနောက် တရုတ်နိုင်ငံကို ပြန်လာခဲ့တယ်လို့ ဆိုပါတယ်။ ၀န်ကြီးဟောင်း ဇူကိုလည်း လာဘ်ပေးလာဘ်ယူမှုအတွက် အာဏာအလွဲသုံးမှုနဲ့ နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားစေမှုအတွက် ထောင်ဒဏ် တစ်သက် ချမှတ်လိုက်တာပါ။

ဒါ့အပြင် စီချွမ်ပြည်နယ် တောင်ပိုင်းက သူနဲ့ ဆက်စပ်လုပ်ကိုင်သူ ဒါဇင်နဲ့ချီပြီး အကျင့်ပျက်ခြစားမှုနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ သမ္မတ ရှီကျင်းပင်ရဲ့အကျင့်ဖျက်ခြစားမှု တိုက်ဖျက်ရေးလှုပ်ရှားမှုမှာ နိုင်ငံရေးထိပ်ပိုင်း ခေါင်းဆောင်အပါအ၀င် လူပေါင်း ဒါဇင်နဲ့ချီပြီး ရာထူးက ဖြုတ်ချခဲ့သလို ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)