မွန်ဂိုလီးယားသမ္မတ နိုင်ငံ့ဝန်ထမ်းများနဲ့တွေ့ဆုံပြီး မွန်ဂိုလီးယားနိုင်ငံရဲ့ အတွေ့အကြုံများ ဝေမျှ

0
362

မြန်မာနိုင်ငံကို အလုပ်သဘောနဲ့ ရောက်ရှိနေတဲ့ မွန်ဂိုးလီးယားနိုင်ငံ သမ္မတ မစ္စတာ ဇတ်ခ်ဟီးလ်ယာဒ် အယ်လ်ဘက်ဒေါ့ခ်ျ ဟာ ဒီကနေ့ ဇွန်လ ၁၆ ရက်နေ့ မနက်က နေပြည်တော်မှာရှိတဲ့ MICC 2 ခန်းမမှာ နိုင်ငံ့ဝန်ထမ်းတွေနဲ့တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲကို နေပြည်တော်အခြေစိုက် နိုင်ငံ့ဝန်ထမ်းတွေ တက်ရောက်ခဲ့ကြပြီး မွန်ဂိုးလီးယားသမ္မတ အယ်လ်ဘက်ဒေါ့ခ်ျ က မွန်ဂိုးလီးယားနိုင်ငံရဲ့ အတွေ့အကြုံတွေကို ဟောပြောပွဲပြုလုပ်ပြီး တက်ရောက်လာတဲ့ ၀န်ထမ်းတွေနဲ့ အတွေ့အကြုံဆွေးနွေးဖလှယ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

မွန်ဂိုးလီးယား သမ္မတဟာ သူရဲ့မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မွန်ဂိုလီးယားနိုင်ငံကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ခဲ့ပြီး မွန်ဂိုလီးယားနိုင်ငံမှာ ကျင်းပမယ့် (၁၁) ကြိမ်မြောက် အာရှ-ဥရောပ အစည်းအဝေးကို တက်ရောက်ဖို့လည်း ဖိတ်ကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)